
မည်သို့မျှ ရှောင်ပုန်းရန် မလွတ်နိုင်သော တပ်သုံးရိုင်ဖယ် တစ်မျိုးကို အမေရိကန်စစ်တပ်က ယခု လကုန်ပိုင်းမှ စတင်၍ အာဖဂန်နစ္စတန်တွင် စတင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။
XM25 ရိုင်ဖယ်တွင် ချိန်မှတ်ထားသည့် အကွာအဝေးသို့ သွားနိုင်စွမ်းရှိပြီး ရန်သူများ ပုန်းအောင်းနေသည့် နေရာများသို့ ချိန်ရွယ်ပစ်ခတ်နိုင်သော ပရိုဂရမ် ထည့်သွင်းထားသည့် ကျည်ဆံများကို အသုံးပြုထားသည်။ ပစ်မှတ်ကို ထိခတ်နိုင်ရန်အတွက် ၂၃၀၀ ပေအထိရောက် အောင်သွားနိုင်သည်ဟု သိရှိရသည်။
အမေရိကန် စစ်တပ်အတွက်သာ အထူးစီမံ ပြုလုပ်ထားသော XM25 ကို ယခုလကုန်ပိုင်းတွင် စတင် အသုံးပြုသွားမည်ဟု အမေရိကန်စစ်တပ်မှ ထုတ်ဖော် ပြောကြားခဲ့သည်။ ယင်းရိုင်ဖယ်တွင် အဓိက ပစ်မှတ်များနှင့် ပြောင်းဝအကြား အကွာအဝေးကို တိကျစွာ ချိန်မှတ်နိုင်ရန် လေဆာရှာဖွေမှုကို ထည့်သွင်းထားပြီး ယင်းသည် ကြားခံ အကာအကွယ်ကို ဖောက်ထွင်းသွားကာ ပစ်မှတ်သို့ ရောက်ရှိမှ ယမ်းပေါက်ကွဲနိုင်ရန် စီမံပြုလုပ်ထားခြင်း ဖြစ်သည်။
ယင်းရိုင်ဖယ် စီမံကိန်း၏ မန်နေဂျာဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ခရစ္စတိုဖာလေနာက ယင်းသေနတ်ကို Game-Changer ဟု ခေါ်ဆိုခဲ့ပြီး အခြားသော နိုင်ငံများကလည်း တုပလုပ်ဆောင်လာကြမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန် စစ်တပ်မှ အဆိုပါ ရိုင်ဖယ်မျိုး ၁၂၅၀၀ ခန့်ကို ယခု နှစ်အတွင်း ၀ယ်ယူလိမ့်မည်ဟု ၎င်းက ခန့်မှန်းထားသည်။
source:eleven media
No comments:
Post a Comment