
မိုင် ၁၀၀ အကွာမှ ရန်သူကို အသံထက် ၈ ဆမြန်သော အမြန်နှုန်းဖြင့် အတိအကျ ပစ်ခတ်နိုင်သည့် လက်နက်တစ်မျိုးကို အမေရိကန် ရေတပ်က စမ်းသပ်နေကြောင်း သိရသည်။
ယမ်းမှုန့်ကဲ့သို့သော ပေါက်ကွဲစေသည့် အရာများကို မသုံးဘဲ အလွန် အင်အားကြီးသော လျှပ်စစ်စွမ်းအင်ကိုသုံးကာ ကျည်ဆန်အား တွန်းလွှတ်သည့် နည်းပညာကို သုံးထားခြင်း ဖြစ်သည်။ လျှပ်စစ်သံလိုက်လှိုင်းသုံး လျှပ်စစ်စီးကြောင်း ဖြတ်ပစ် လွှတ်ရသည့် သေနတ်ကြီးဖြင့် ကျည်ဆန်ကို ပစ်လွှတ်ရခြင်း ဖြစ်သည်။
ယင်းသေနတ်မှ ပစ်လွှတ်မှုတွင် သေနတ်ပြောင်းဝမှ ထွက်လာသော အားသည် ၃၃ မီဂါဂျိုးရှိပြီး ယခင် ကမ္ဘာ့သေနတ်ပြောင်းဝမှ ထွက်သည့် စွမ်းအင်စံချိန်ထက် သုံးဆမျှ ပိုပြင်းထန်သည်ဟုသိရသည်။ တစ်မီဂါဂျိုးသည် တစ်တန်ကားတစ်စီး မိုင်တစ်ရာ သွားသည်နှင့် အကြမ်းဖျင်း ညီမျှပြီး ၃၃ မီဂါဂျိုး ဖြစ်သောကြောင့် ပစ်မှတ်ကို ထိသည့်အားသည် ယင်းအား၏ ၃၃ ဆ ရှိမည် ဖြစ်သည်။ ဗာဂျီးနီးယားပြည်နယ်၊ ဒါလ်ဂရင်မှ ရေတပ်ဌာနတွင် စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ပစ်လွှတ်လိုက်သော ကျည်ဆန်သည် မိုင် ၁၀၀ ကို မိနစ်ပိုင်းအတွင်း ရောက်နိုင်ပြီး သမားရိုးကျ သေနတ်များတွင် မရနိုင်သော အလျင်ဖြင့် အတိအကျ ထိမှန်နိုင်သည်ဟု သိရသည်။ ပေါင် ၂၀ လေးသည့် ကျည်ဆန် (သို့မဟုတ်) ဒုံးကျည်ဖြင့် ပစ် ခတ်နိုင်သည့် ယင်းလက်နက်ကို စစ်သင်္ဘောများတွင် တပ်ဆင်နိုင်ရန် အနည်းဆုံး ငါးနှစ်မျှ အချိန်ယူရဦးမည် ဖြစ်သည်။
source:eleven media
No comments:
Post a Comment