twitter
    Find out what I'm doing, Follow Me :)

22.12.10

ငွေရာသီ (ဒုတိယပိုင်း)

အခွန်ဆောင်ရင် လိုအပ်မဲ့ ဖောင်နဲ့ တွက်ချက်ပုံ အတိုချုပ်ကို ရေးခဲ့ပြီးမို့၊ အခွန်ဆောင်ရင် အခွန် ဆောင်ငွေ လျော့နည်း စေနိုင်မဲ့ အသုံးစားရိတ်များ အကြောင်းကို
ရေးလိုပါတယ်။ အသုံးစားရိတ်များ စာရင်းကို မသွားခင် ဝင်ငွေ Income ကို၊ အဓိပ္ပါယ် သတ်မှတ်ပုံ အကျဉ်းကို အရင်ဖော်ပြ လိုက်ပါရစေ။
ဝင်ငွေကို သတ်မှတ်ရာမှာ ---
အစိုးရကနေ တိတိကျကျ ဒါကတော့ဖြင့် ဝင်ငွေ မဟုတ်ဘူးလို့ မသတ်မှတ်သ၍ ရရှိလာသမျှ ဝင်ငွေအားလုံးကို ဝင်ငွေလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ အကြမ်းဖျဉ်း အားဖြင့် --- Active Income အလုပ်လုပ်လို့ ဝင်တဲ့ လစာ၊ လုပ်ခနဲ့ ကိုယ်ပိုင်လုပ်ငန်းမှ ဝင်တဲ့ငွေ (Salary, wages and self employed) Portfolio ငွေကြေး ဈေးကွက်မှာ ရင်းနှီးမြုတ်နှံခြင်းဖြင့် ရရှိလာတဲ့ အတိုးငွေ၊ ဘဏ်မှာ စုဆောင်းခြင်းဖြင့် ရရှိတဲ့ အတိုးငွေ၊ အမြတ်အစွန်းများ (Dividends and interest) Passive Income အိမ်ဝယ် အိမ်ရောင်း၊ အိမ်ငှား၊ လုပ်ရာမှ ရရှိလာတဲ့ ဝင်ငွေနဲ့ ကိုယ့်မိတ်ဆွေနဲ့ စပ်တူ လုပ်ကိုင်ရာမှ ဝင်တဲ့ ဝင်ငွေ (Rental Real estate and limited partnership) Non-cash items ဥပမာ၊ ကား၊ အိမ်၊ ကွန်ပြူတာ အစရှိသဖြင့် လက်ခံရရှိတဲ့ ပစ္စည်းများ (ရရှိတဲ့ပစ္စည်းကို ကာလတန်ဘိုး ပေါက်ဈေးနဲ့ သတ်မှတ်ပြီး ဝင်ငွေအဖြစ် သတ်မှတ်ပါတယ်) ၎င်းတို့ကို ဝင်ငွေရရှိရာ နေရာများအဖြစ် သတ်မှတ်နိုင်ပါတယ်။
Deductions
Itemized Deductions ဝင်ငွေမှဖြစ်စေ၊ ဝယ်ယူ သုံးစွဲရာမှဖြစ်စေ ပေးဆောင်ရတဲ့ ပေးဆောင်ထားတဲ့ အခွန်ငွေ မှန်သမျှကို အခွန်ဆောင်တဲ့အခါ အခွန်ဆောင်ငွေ လျော့နည်းအောင် ထည့်သွင်းနိုင်ပါတယ်။ ဥပမာ။ ။ ပြည်နယ်၊ မြို့ နယ်၊ ရပ်ကွက်တို့ကို ပေးဆောင်ထားတဲ့ အခွန်ငွေ (State and local) အိမ်ခွန်ငွေ (Real property taxes) ၊ ကိုယ်ပိုင် ပိုင်ဆိုင်မှုအခွန်ငွေ (Personal property taxes) ၊ အိမ်ဝယ်ရန် ချေးယူထားတဲ့ ငွေအတွက် ပေးရတဲ့ အတိုးငွေ (Mortgage interest) ၊ ချွင်းချက်အနေနဲ့ ထုတ်ယူလို့ မရတဲ့ အခွန်ငွေ (Nondeductible taxes) တွေလည်း ရှိပါတယ်။ ဥပမာ။ ။ လူမှုဖူလုံရေးအတွက် ပေးဆောင်ထားတဲ့ အခွန်ငွေ (Social Security taxes) အမေရိကန်ပြည်တွင်းကို သွင်းယူလာတဲ့ ကုန်ပစ္စည်းများအတွက် ပေးဆောင်ရတဲ့ အခွန်ငွေ (Excise taxes) ကိုတော့ အခွန်ဆောင်ငွေ လျော့နည်းဖို့ အတွက်ထည့်သွင်းလို့ မရပါဘူး။
Expenses
Medical expenses ကိုယ်အပါအဝင် ကိုယ့်မိသားစုဝင် အားလုံးနဲ့ ကိုယ့်အပေါ် မှီခိုတဲ့သူများ အားလုံးရဲ့ ဆေးကုသမှု၊ ကုန်ကျမှု (မျက်လုံး၊ သွားနဲ့ အခြားသော ကျန်းမာရေးဆိုင်ရာ ကုန်ကျမှု) Medical insurance premiums ဆေးကုသခွင့်လက်မှတ် Health insurance အတွက် ပေးဆောင်ရတဲ့ ကုန်ကျစားရိတ်၊ Long term care insurance premiums၊ ရေရှည် ကျန်းမာရေး စောင့်ရှောက် ကုသမှုအတွက် ပေးဆောင်ရတဲ့ ကုန်ကျငွေ၊ Qualified mortgage interest and points အိမ်ချေးငွေအတွက် ပေးဆောင်ရတဲ့ အတိုးငွေ၊ Investment interest ရင်းနှီးမြှုတ်နှံမှု ချေးယူငွေတွက် ကုန်ကျတဲ့ အတိုးငွေ၊ Education loan interest (Up to $ 2,500 per year)၊ ကျောင်းတက်ဖို့ အတွက် ချေးယူထားတဲ့ငွေ ( ချေးယူငွေကို ကျောင်းဖိုး စာအုပ်ဖိုးနဲ့ ကျောင်းအသုံး စားရိတ်အတွက်ပဲ သုံးးစွဲရမှာဖြစ်ပြီး နေစားရိတ်ကို ထည့်သွင်းလို့ မရပါ )
Charitable contributions
အလှူငွေ ( ဖြတ်ပိုင်း မပါပဲနဲ့ဆို ဒေါ်လာ၂၅၀ အထိ ထည့်သွင်းနိုင်မှာ ဖြစ်ပြီး၊ ၂၅၀ဒေါ်လာ် အထက်ဆို ဖြတ်ပိုင်း ရှိရမှာ ဖြစ်ပါတယ်။ အလှူငွေအားလုံးကို အစိုးရက တရားဝင် အသိအမှတ် ပြုထားတဲ့ အဖွဲ့အစည်းကို လှူဒါန်းဖို့ လိုပါတယ် )
Casualty and Theft Losses
သဘာဝ အန္တရာယ်ကြောင့် ပျက်ဆီးဆုံးရှုံးတဲ့ ဆုံးရှုံးမှုများနဲ့ ရဲ အထောက်အထားပါရှိတဲ့ ပစ္စည်း ပျောက်ဆုံးတဲ့ငွေ။
Miscellaneous Deductions
အလုပ်သမားသမဂ္ဂကို ပေးဆောင်တဲ့ငွေ (Union dues)၊ အနိုင်ရတဲ့ငွေနဲ့ ညီမျှတဲ့ လောင်းကစား ရှုံးငွေ၊ အခွန်ဆောင်ဖို့ အတွက် ကုန်ကျငွေ (Tax preparation fees)၊ ရင်းနှီးမြှုတ်နှံမှု အတွက် ကုန်ကျငွေ (Investment expenses)၊ အလုပ်ရှာတဲ့ အတွက် ကုန်ကျငွေ။
(Job hunting fees)
Moving Expenses အလုပ်တနေရာမှ အခြားတနေရာသို့ ပြောင်းရွှေ့လုပ်ဆောင်တဲ့ အတွက် ကုန်ကျငွေ (အလုပ် နေရာသစ်မှာ အနည်းဆုံး ၃၉ ပတ် နေထိုင် ရပါလိမ့်မယ်။)
ဖော်ပြခဲ့တာတွေ ကတော့ ယေဘုယျ သဘောဆန်ပါတယ်။ တကယ် တွက်မယ်ဆိုရင် ကိုယ့်ရဲ့ဝင်ငွေပေါ် မူတည်ပြီး အသေးစိတ်ဖို့ လိုအပ်တဲ့နေရာမှာ အသေးစိတ် ရပါလိမ့်မယ်။
အမေရိကန်ရောက် မြန်မာ အလုပ်သမားများ Adjusted Gross Income (AGI) ၃၅၀၀၀ သာ ဝင်ငွေရှိမဲ့ သူများ အနေနဲ့တော့ ဖြတ်ပိုင်းတွေစုပြီး အသေးစိတ်ဖို့ မလိုပါဘူး။ အစိုးရက သတ်မှတ်ပေးထားတဲ့ Standard deduction ကိုသာသုံးဖို့ လိုပါတယ်။ အဲဒီသူများအတွက် Deductions ထက် Credit ကပိုပြီး အရေးကြီးပါတယ်။
အခွန်ရှင်းတမ်း ပြန်အမ်းငွေ ပိုက်ဆံ အများဆုံးပြန်ရနိုင်မဲ့ နည်းလမ်းတွေကတော့ အများစုက ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း မရှိတဲ့အခါကျတော့ ထုတ်နုတ်စရာ ကုန်ကျစရိတ်။ အသုံးစရိတ်တွေက မရှိဘူးမဟုတ်လား၊ ဒီတော့အစိုးရက ဝင်ငွေနည်းသူတွေကို ကူညီဖို့ ရည်ရွယ်ချက်နဲ့ ဖန်တီးထားတဲ့ Tax credit program တွေကိုပဲ အားကိုး ရတော့မှာပေါ့။ တခုတော့ရှိတယ်။ မမေ့ဖို့ပါ၊ အခုနှစ်အတွင်းမှာ အလုပ်ပြုတ်လို့ အလုပ်ရှာကြတဲ့။ အလုပ်ရဖို့ အတွက် နေရာပြောင်းရွှေ့သူ မြန်မာများဟာ။ အလုပ်ရှာဖွေစရိတ်။ ပြောင်းရွှေ့စရိတ်တွေ အတွက် ထည့်သွင်းလို့ ရတယ်နော့၊ အတော်များများ ဒေါ်လာ၃၀၀၀ လောက်ကုန်ကျတယ်လို့ ကြားရတယ်၊ ဒီငွေတွေဟာ ပြန်ရမဲ့ငွေတွေ ကိုယ့်ငွေတွေ ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့၊ သွား ကလိန်း (Claim) တဲ့အခါ လုပ်ပေးသူကို မေးဖို့ ပြောဖို့မမေ့ပါနဲ့။
Child tax credit
ကလေး ၁ ယောက်ကို ငွေ ၁၀၀၀ ပြန်ရပါမယ်၊ အိမ်ထောင်ရှိပြီး အခွန် ခွဲဆောင်သူ လင်မယားများ အများဆုံး ဝင်ငွေ ၅၅၀၀၀ အထိ သတ်မှတ်ချက် ထားပါတယ်၊ အဲဒီဝင်ငွေထက် ကျော်သွားမယ် ဆိုရင် ကလေးအတွက် ငွေမရပါဘူး၊ လူပျို (သို့မဟုတ်) အိမ်ထောင်ဦးစီးရဲ့ ဝင်ငွေ ၇၅၀၀၀အထိ သတ်မှတ်ပါတယ်၊
Child and dependent care credit (ကလေးထိန်းစရိတ်)
တချို့ မြန်မာ အလုပ်သမား များဟာ မိန်းမရော ယောက်ျားပါ အလုပ်သွားတဲ့အခါ ကလေးကို ကလေးထိန်း ကျောင်းမှာ သွားထားရပါတယ်၊ ကုန်ကျတဲ့ ကလေးထိန်း စရိတ်ကို အစိုးရက ကိုယ့်ရဲ့ဝင်ငွေ အပေါ်မူတည်ပြီး အခုလို ပြန်ပေးပါတယ်၊ ဝင်ငွေ ၁၅၀၀၀ အောက်ရှိတဲ့ (လူပျို။ အိမ်ထောင်သည် မခွဲပါ) သူအားလုံး။ အများဆုံး ကလေး ၁ ယောက်ကို ၃၀၀၀ နဲ့ ၂ယောက်က အထက်ကို ၆၀၀၀အထိ ပြန်ရမှာဖြစ်ပါတယ်၊ ဝင်ငွေ ၁၅၀၀၀ ကျော်သူ များကိုတော့ အောက်က Table မှာဖော်ပြထားတဲ့ အတိုင်းပြန်ပေး ပါလိမ့်မယ်။
OVER                BUT NOT OVER                   APPLICABLE %
   $0                             15, 000                             35%
15000                        17,000                            34%
17,000                        19,000                          33%
19,000                          21,000                          32%
21,000                          23,000                         31%
23,000                           25,000                        30%
25,000                            27,000                         29%
27,000                               29,000                          28%
29,000                               31,000                            27%
31,000                             33,000                           26%
33,000                            35,000                         25%
35,000                            37,000                        24%
37,000                            39,000                          23%
39,000                          41,000                         22%
41,000                         43,000                        21%
43,000                       No limit                           20%
တချို့ ကလေးရှိသူများဟာ အချိန်ပြည့် ကျောင်းသားများလည်း ဖြစ်တတ်ပါတယ်၊ သူတို့အတွက် အခုလို တွက်ချက်ပါတယ်၊ အချိန်ပြည့် ကျောင်းတက်သူဟာ ဝင်ငွေ လုံးဝမရှိလို့ပဲ ဖြစ်စေ။ ဝင်ငွေနည်းနည်းနဲ့ပဲ ဖြစ်စေ။ ကလေးထိန်း စရိတ်ပြန်ရဖို့ အတွက် အနည်းဆုံး ၁လကို ၂၅၀ (ကလေး ၁ယောက်အတွက်)၊ (၂ယောက်ထက် အထက်အတွက်) ၅၀၀ ဝင်ငွေ ရှိရပါလိမ့်မယ်။
ဥပမာ။ ။ ကလေး ၁ယောက်ရှိတဲ့အချိန်ပြည့် ကျောင်းသားတဦးဟာ။ ကလေးထိန်း စရိတ် ၁နှစ်ကို ၄၀၀၀ ကုန်ကျပြီး။ ဝင်ငွေ ၂၄၀၀၀ ရှိတယ်ဆိုကြပါစို့၊ ပြန်ရမဲ့ငွေကို အခုလို တွက်ချက်နိုင်ပါတယ်။
ကလေးထိန်း ကုန်ကျစရိတ် ………………………………… ၄၀၀၀
ကလေး ၁ယောက်အတွက် အမြင့်ဆုံး ပြန်ရမည့်ငွေ ……… ၃၀၀၀
ပြန်ရမဲ့ ရာခိုင်နှုန်း (အထက်ပါ ဇယားကိုကြည့်ပါ) x ၃၀%
……………………
ပြန်ရမဲ့ငွေ ၉၀၀ ဖြစ်ပါတယ်။
အထက်က ဥပမာမှာ ကုန်ကျစရိတ်က ၄၀၀၀ ဖြစ်ပေမဲ့။ ၄၀၀၀ကို မယူပါဘူး၊ ကလေး ၁ယောက် အတွက် အမြင့်ဆုံး ပြန်ရမဲ့ငွေ ၃၀၀၀ ကိုသာ ၃၀ ရာခိုင်နှုန်းနဲ့ မြှောက်ပြီး ကလေးထိန်း ကုန်ကျစရိတ်ကို ပြန်ရမှာ ဖြစ်ပါတယ်၊ ကလေး ၂ယောက် အထက်ဆိုရင် အမြင့်ဆုံး ပြန်ရမဲ့ငွေ (Credit) ၆၀၀၀ကို ၃၀ ရာခိုင်နှုန်းနဲ့ မြှောက်ပါ၊ ၁၈၀၀ ပြန်ရပါလိမ့်မယ်၊ ပြန်ရငွေ ပမာဏနဲ့ ရပုံလေးတွေ သိပြီဆိုရင် သူ့ရဲ့စည်းမျဉ်း စည်းကမ်းများကိုလည်း သိဖို့ လိုပါလိမ့်ဦးမယ်။
ဥပမာ။ ဘယ်သူ့ကို မိမိရဲ့ကလေး အဖြစ်။ မှီခိုသူအဖြစ် ထည့်သွင်းနိုင်မလဲ ဆိုတဲ့ သတ်မှတ်ချက်များ ပေါ့၊ မြန်မာ အများစုမှာ ငွေပြန်ရလို ဇောနဲ့ စည်းကမ်းများကို မသိပဲ ကိုယ့်ကလေး သူများပေး claim သူများကလေး ကိုယ်ယူ claim လုပ်တဲ့အခါ အစိုးရနဲ့ ပြဿနာ တက်ရတတ်ပြီး Tax ဖိုင် claim ခွင့် ၄။ ၅။ ၆နှစ် အပိတ်ခံရသလို။ ကြီးလေးတဲ့၊ ဒါဏ်ငွေများလည်း အရိုက်ခံကြရတယ် မဟုတ်လား။ ဒီတော့ စည်းမျဉ်းတွေကို သိရင် ရှောင်ပြီးကွင်းပြီး ငွေတွေ ပြန်ရနိုင်မယ်လေ၊ ဒီသဘောပါ။
Qualifying Child (ကလေးအဖြစ် ထည့်သွင်းခွင့် စည်းကမ်း)
မိမိရဲ့ကလေး အဖြစ်။ မှီခိုသူအဖြစ် မိမိရဲ့ နာမည်အောက်မှာ ထည့်သွင်းမယ်ဆိုရင် ---
Relationship Test
ကလေးဟာ မိမိရဲ့ကလေး၊ မယားပါ၊ လင်ပါ၊ မွေးစားကလေး၊ (သို့မဟုတ်) ကိုယ့်ရဲ့ ညီအကို မောင်နှမ တဝမ်းကွဲ၊ (သို့ မဟုတ်) တနည်းနည်းနဲ့ ဆွေမျိုးတော်စပ်သူ ဖြစ်ရပါမယ်။
Domicile Test
ကလေးဟာ ကိုယ်နဲ့အတူ အခွန်ဆောင်တဲ့ နှစ်ရဲ့ အနည်းဆုံး ၆လ အတူ နေထိုင်မှုရှိရပါမယ်။
Age Test
ကလေးဟာ အသက်၁၉နှစ် အောက်၊ သို့မဟုတ် အသက်၂၄နှစ် အောက်။ အချိန်ပြည့် ကျောင်းသားဖြစ် ရပါမယ်၊
Joint return test
ကလေးဟာ သူ့ရဲ့ အိမ်ထောင်နဲ့တွဲပြီး အခွန်ဆောင်ထားခြင်း မရှိရဘူး။ ဆိုလိုတာက သူ့မိဘနှင့် အတူ Tax Claim ထားခြင်း မရှိရဖူး။
Citizenship Test
မှီခိုသူဟာ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကို နိုင်ငံသား (သို့မဟုတ်) အမေရိကန်နိုင်ငံမှာ အမြဲတမ်း နေထိုင်ခွင့် ရှိသူက မွေးစားတဲ့ ကလေးဖြစ်ရပါမယ်။
Self Support Test
ကိုယ့်ရဲ့ မှီခိုသူအဖြစ် ထည့်သွင်းမဲ့ ကလေး (သို့မဟုတ်) မှီခိုသူဟာ သူ့ရဲ့ စားဝတ်နေရေး ကုန်ကျစရိတ်ရဲ့ တဝက်ကို သူ့ ဘာသာ ကုန်ကျတယ်ဆိုရင်၊ မှီခိုသူအဖြစ် မထည့်သွင်းနိုင်ပါဘူး။ မှတ်ချက်။ ။ ကလေးကို မှီခိုသူ အဖြစ်ထည့်သွင်းသူဟာ ကလေးရဲ့ မိဘအရင်း ဖြစ်မယ်ဆိုရင် Personal dependency exemption ၁ယောက်ကို ၃၅၀၀ ကိုယ့်ရဲ့ ဝင်ငွေမှ ထုတ်နှုတ်ခွင့် ရှိမှာဖြစ်ပါတယ်။
Qualifying Relative (မှီခိုသူအဖြစ် ထည့်သွင်းခွင့် စည်းကမ်း)
အထက်က သတ်မှတ်ချက်နဲ့ မညီတဲ့ ကလေးအနေနဲ့ အခု ဖော်ပြမဲ့ သတ်မှတ်ချက်တွေနဲ့ ညီညွတ်နေမယ် ဆိုရင်၊ အခွန်ဆောင်သူ အနေနဲ့ သူတို့ကို မှီခိုသူအဖြစ် ဆက်လက် ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။
Relationship or member of household Test
မှီခိုသူဟာ ကိုယ့်ရဲ့ကလေး။ ဆွေမျိုးဖြစ်စရာ မလိုပါဘူး၊ ကိုယ့်အိမ်မှာ ကိုယ်နဲ့အတူ ၆လ အထက်အတူ နေပြီး၊ သူ့အတွက် ကိုယ်က ထောက်ပံ့ပေးထားမယ် ဆိုယင် မှီခိုသူ အဖြစ်ထည့်သွင်း နိုင်ပါတယ်။
Gross Income Test
မှီခိုသူအဖြစ် ထည့်သွင်း ခံရမဲ့သူရဲ့ ၁နှစ်တာ ဝင်ငွေဟာ ၃၅၀၀ ထက်ကျော်လို့ မရပါဘူး၊
Support Test
မှီခိုသူဟာ ကိုယ့်ကိုယူပြီး အခွန်ဆောင်မဲ့သူရဲ့ ထောက်ပံ့မှုကို တဝက်ကျော် လက်ခံရရှိဖို့ လိုပါတယ်။
Joint return test
မှီခိုသူဟာ တဦးဦးနဲ့တွဲပြီး အခွန်ဆောင်( Tax Claim )ထားခြင်း မရှိရဘူး၊
Citizenship Test
အမေရိကန် နိုင်ငံသား (သို့မဟုတ်) အမေရိကားမှာ တရားဝင် နေထိုင်ခွင့်ရှိသူ ဖြစ်ရပါမယ်။
အခုလို စည်းကမ်းတွေကို သိထားပြီ ဆိုရင် အစိုးရဆီ မိမိဆောင်ထားတဲ့ တနှစ်တာ အခွန်တော်ငွေထဲက Tax Claim ပြီး ငွေများများ ပြန်လိုချင်တဲ့ မြန်မာ အလုပ်သမားများ အဖို့ ဘာလုပ်ရမလဲ ဆိုတာ အနည်းငယ် မှန်းဆလို့ ဖြစ်လာပါ လိမ့်မယ်၊ အခြားသူရဲ့ ကလေးကို ယူပြီး Claim ချင်ရင် လိပ်စာပြောင်းထားဖို့ လိုပါလိမ့်မယ်။ ကလေးက ကျောင်းတက်တယ် ဆိုရင် ကျောင်းကို ကိုယ့်လိပ်စာနဲ့ အပ်ထားဖို့ လိုပါလိမ့်မယ်၊ ဒီ၂ချက်ကို ပြင်ဆင် ထားမယ်ဆိုရင်ပဲ ကိုယ့်အတွက် လုံလောက်ပါပြီ၊ ဒါမှ မဟုတ်ရင်တော့ ဗဟိုအစိုးရရဲ့ သံသယရှိမှု စစ်ဆေးခြင်းကို ခံရပါလိမ့်မယ်။
နောက်ထပ် ငွေရမဲ့ တနေရာကတော့ Earned Income Credit (EIC) လို့ခေါ်တဲ့။ ဝင်ငွေနည်းတဲ့ သူတွေကို အစိုးရက ကူညီတဲ့ ငွေပဲဖြစ်ပါတယ်။
EIC ရရှိဖို့ အတွက် အခွန်ဆောင်သူတိုင်း အောက်ပါအချက်များနဲ့ ပြည့်စုံမှု ရှိရပါမယ်၊
  • အလုပ်လုပ်ပြီး အလုပ်က ဝင်တဲ့ဝင်ငွေ ဖြစ်ရပါမယ်၊
  • ကလေးမရှိတဲ့ သူအတွက် စုစုပေါင်း ၁နှစ်တာ ဝင်ငွေဟာ ၁၂ ၈၈၀ ဒေါ်လာ အောက်ဖြစ်ရပါမယ်၊
  • အိမ်ထောင်သည်၊ ကလေးမရှိရပါဖူး၊ အတူတွဲပြီး အခွန်ဆောင်သူရဲ့ ဝင်ငွေဟာ ၁၅၈၈၀ အောက်သာ၊
  • ကလေး ၁ဦး ရှိမယ်ဆို၊ ဝင်ငွေ ၃၈၆၄၆ ဒေါ်လာသာ ရှိရပါမယ်၊
  • ကလေး ၁ဦး ထက်မက ရှိပြီး၊ အိမ်ထောင်သည်နဲ့ အတူတွဲမယ်ဆိုရင် ၄၁၆၄၆ သာ၊
  • ကလေးရဲ့ လူမှုဖူလုံရေး နံပါတ် ( Social Security Number ) ရှိရပါမယ်။
  • အိမ်ထောင်သည်၊ အတူမတွဲပဲ၊ ခွဲပြီး အခွန်ဆောင်မယ် ဆိုရင် မရဘူး၊ တွဲပြီး ဆောင်ရပါမယ်။
  • အမေရိကန်နိုင်ငံသား (သို့မဟုတ်) တရားဝင် အခြားနိုင်ငံသား ဖြစ်ရမယ်။
  • နိုင်ငံခြားမှာ သွားရောက် အလုပ် လုပ်ကိုင်ရာမှ ရရှိတဲ့ ဝင်ငွေ မဖြစ်ရဘူး။
  • ရင်းနှီးမြုတ်နှံမှုမှ ရရှိတဲ့ ဝင်ငွေဟာ ၂၉၅၀ ဒေါ်လာထက် မပိုရဘူး။
  • ထည့်သွင်းမဲ့ ကလေးဟာ အထက်မှာ ဖော်ပြခဲပြီးဖြစ်တဲ့ အချက်များနဲ့ ကိုက်ညီမှု ရှိရပါမယ်
  • ထည့်သွင်းတဲ့ ကလေးကို အခြားတယောက်ဆီမှာ ထည့်သွင်းခွင့် မတော့ရှိဘူး။
  • အခွန်ဆောင်သူဟာ အနည်းဆုံး အသက် ၂၅နှစ် နဲ့ ၆၅နှစ်ကြားမှာ ရှိရပါမယ်။
  • အခွန်ဆောင်သူဟာ အခြား အခွန်ဆောင်သူ တဦးရဲ့ မှီခိုသူအဖြစ် ထည့်သွင်း အခွန်ဆောင်ခြင်း မရှိရဘူး
  • အမေရိကန်နိုင်ငံ အတွင်းမှာ ၆ လကျော် နေထိုင်သူ ဖြစ်ရပါမယ်
  • ဝင်ငွေဟာ အတိုး၊ ရှယ်ယာ၊ ပင်စင်၊ လူမှုဖူလုံရေး အတွက်ရရှိတဲ့ငွေ၊ မိန်းမနဲ့ ကလေး ထောက်ပံ့ကြေး က ရရှိတဲ့ငွေ၊ အလုပ်လက်မဲ့ ထောက်ပံ့ကြေးငွေ၊ မိဘကို စောင့်ရှောက်မှုက ရရှိတဲ့ ဝင်ငွေနဲ့ စစ်ပြန်များ အတွက် ပေးတဲ့ ထောက်ပံ့ကြေးငွေ မဖြစ်ရပါဘူး။
စည်းကမ်းချက်တွေ များလွန်းလို့ မကြောက်သွားပါနဲ့ဦး၊ ကျနော်တို့ မြန်မာအများစုဟာ ဖော်ပြခဲ့တဲ့ စည်းကမ်းများနဲ့ အားလုံး ကိုက်ညီမှု ရှိနိုင်တဲ့ အတွက် ပြန်ရကြတာ များပါတယ်၊ တချို့ မသိတဲ့ သူတွေလောက်သာ ကျန်နေခဲ့တာပါ။
ပြန်ရမဲ့ငွေကို အခုလို တွက်ချက် ကြည့်နိုင်ပါတယ် ---
ဖော်ပြလိုက်တဲ့ ဇယားအတိုင်း ငွေပြန်ရ ပါလိမ့်မယ်၊ ဇယားကိုကြည့်ပါ၊
အထက်က ဇယားမှာ သတိပြုရမဲ့ အချက်က ဖော်ပြထားတဲ့ ဝင်ငွေဟာ Adjusted Gross Income သာ ဖြစ်ပါတယ်၊ ကိုယ့်ရဲ့ဝင်ငွေ စုစုပေါင်း Gross Income မဟုတ်ပါဘူး၊ Gross Income စုစုပေါင်း ဝင်ငွေထဲက မှီခိုသူအတွက် ထုတ်နှုတ်ခွင့်ရှိတဲ့ ငွေနဲ့ ဖြတ်တောက်ခွင့်ရှိတဲ့ အသုံးစရိတ်များကို နှုတ်ပြီးမှသာ Adjusted Gross Income ကိုရောက်မှာပါ၊ အရင် ဆောင်းပါးမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ တွက်နည်းကို သတိရအောင် ထပ်တွက် ပေးလိုက်ပါမယ်။
စုစုပေါင်းဝင်ငွေ Gross Income ၄၀,၀၀၀
အစိုးရ သတ်မှတ်ပေးထားတဲ့ ထုတ်နှုတ်ခွင့် ၇၈၅၀ (အိမ်ထောင်ဦးစီး) လူပျို ၅၃၅၀ ( Standard Deduction )
Exemption မှီခိုသူအတွက် ထုတ်နှုတ်ခွင့် (၂ယောက်) ၇၀၀၀
မိမိရဲ့ Adjusted Gross Income က ၂၅ ၁၅၀
မိမိပြန်ရမဲ့ Earned Income Credit က။ ကလေး ၁ယောက်နဲ့ ဖြစ်တဲ့အတွက် ၁၄၀၉ ဖြစ်ပါတယ်၊
ဥပမာ တွက်နည်းပါ။
Earned Income Credit ကို။ နှစ်ကုန်မှ တလုံးတရင်းတည်း ပြန်ယူတာမျိုး မဟုတ်ပဲ။ ကိုယ့်ရဲ့ တပတ်စာ၊ သို့မဟုတ် ၂ပတ် တခါ ရတဲ့ လစာဝင်ငွေနဲ့အတူ ကြိုယူထားချင်လည်း ဖြစ်ပါတယ်၊ Advance Earned Income Credit လို့ ခေါ်ပါတယ်၊ ကိုယ့်ရဲ့ အလုပ်ရှင်ဆီမှာ W5 Form ကိုမေးပြီး ဖြည့်ပါ၊ အစီအစဉ်က အသစ်ဖြစ်တဲ့ အတွက် (၂၀၀၈ ခုနှစ်ကမှ စတာပါ) တချို့ အလုပ်ရှင်တွေ မသိသေးပါဘူး၊ www.irs.gov မှာ ဖောင်ကို ယူဖြည့်ပြီး အလုပ်ရှင်ကို ပေးလို့ ရပါတယ်၊ လိုအပ်တဲ့ စည်းကမ်းချက်တွေက အတူတူပါပဲ။ သဘောက အပတ်စဉ် ကိုယ့်ကိုပေးသွားမဲ့ ငွေဟာ အခွန်လွတ် ဖြစ်ပါတယ်။
နောက်ထပ်ငွေ အမှန်အကန်များများ ပြန်ရမဲ့နေရာ ကတော့ အသက်ကြီးလို့ ပင်စင် ယူတဲ့အခါ သုံးစွဲဖို့ စုဆောင်းထားတဲ့ ငွေစုမှု အတွက် အစိုးရက အကူအညီ ပေးတဲ့ငွေ ဖြစ်ပါတယ်၊ ဝင်ငွေနည်းသူတွေ အတွက်ပဲ ပြန်ရမဲ့ အစီအစဉ် ဖြစ်ပါတယ်၊ ငွေစုတဲ့အခါ အောက်ပါ နေရာများမှာ စုဖို့ လိုပါတယ်။
Traditional or Roth IRA
Simple IRA
401 (k), including designated Roth 401 (k)
403 (b), including designated Roth 403 (b)
Salary reduction SEP
Governmental 457 plan
Section 501 (c) (18) plan
ကိုယ့်ရဲ့ဝင်ငွေ ( Adjusted Gross Income ) နဲ့ Filing Status ပေါ်မူတည်ပြီး ၅၀၊ ၂၀၊ ၁၀ ရာခိုင်နှုန်း အစရှိသဖြင့် ပြန်လည် ရရှိသွားမှာ ဖြစ်ပါတယ်၊ Adjusted Gross Income ၁၆၀၀၀ ရှိတဲ့ လူလွတ် အခွန်ဆောင်သူနဲ့ ၃၂၀၀၀ ရှိတဲ့ အိမ်ထောင်သည် အခွန်ဆောင်သူများ အနေနဲ့ Credit ၅၀ ရာခိုင်နှုန်း။ အများဆုံး ၂၀၀၀ ဖြစ်ပါတယ်။
ဥပမာ။ ။ မိမိရဲ့ (Adjusted Gross Income) ၀င်ငွေက ၁၆ ၀၀၀၊ စုငွေက ၂၀၀၀ ဆိုရင် ၁၀၀၀ (၅၀% x ၂၀၀၀)၊
အခြားသော Credit များကို အထက်မှာ ဖော်ပြပြီးဖြစ်တဲ့ အတွက် ဒီနေရာမှာ အတိုချုပ်ပြီးပဲ သတိရအောင် ပြောလိုက်ပါ့မယ်။
  • ကိုယ့်မှာ အိမ်ရှိရင် အိမ်အတွက် ပေးထားတဲ အခွန်ငွေကို ပြန်ရမယ်။
  • အိမ်ဝယ်ဖို့ ချေးယူတဲ့ ငွေအတွက် ပြန်ပေးရတဲ့ အတိုးအတွက် ပြန်ရမယ်။
  • ကျောင်းတတ်ဖို့ ချေးယူထားတဲ့ ငွေအတွက် ပြန်ပေးရတဲ့ အတိုးငွေကို ကိုယ်ဝင်ငွေပေါ် မူတည်ပြီး ၂၅၀၀ အထိ ပြန်ရမယ်။
အိမ်ထောင် ကွဲနေသူများ၊ ကိုယ့်ရဲ့ ခင်ပွန်း (သို့မဟုတ်) မိန်းမက ဝင်ငွေ အရမ်းများလို့ ငွေပြန်မရနိုင်ဘူး ဆို၊ ဝင်ငွေနည်းတဲ့ မိန်းမ (သို့မဟုတ်) ခင်ပွန်းကို ထောက်ပံ့ကြေး (Alimony) ၂ ဦး သဘောတူ ပေးလိုက်ပါ၊ အဲဒီလို ပေးလိုက်ခြင်းဖြင့် ဝင်ငွေများသူရဲ့ ငွေကို လျော့နည်းစေမှာ ဖြစ်ပြီး။ ငွေပြန် ရနိုင်ပါလိမ့်မယ်၊ တဖက်မှာလည်း ဝင်ငွေမြင့်ပြီး ပြန်ရ လာနိုင်စရာတွေ ရှိပါတယ်၊ အခြေအနေ အပေါ် မူတည်ပါတယ်၊ အခု ကျနော် ဖော်ပြခဲ့သမျှ တွေဟာ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းလုပ်သူများ အနေနဲ့တော့ အသုံး သိပ်မဝင်နိုင်ပါဘူး၊ ဝင်ငွေနည်းတဲ့ ကော်လံပြာ အလုပ်သမားများ အတွက်ပဲ ရေးတာဖြစ်ပါတယ်။ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ။

source:peoplemediavoice                                                                                ကျော်ငြိမ်းမိုး

21.12.10

ငွေရာသီ (ပထမပိုင်း)

ဒီလိုနှစ်သစ် ရောက်တိုင်း အားလုံးနည်း အမျိုးမျိုးနဲ့ ငွေကိုသဲ့ ယူနေကြတဲ့ အထဲမှာ ကိုယ်လည်း ကျန်မနေခဲ့ဖို့ အတွက် အမေရိကားရောက် မြန်မာများကို နှစ်ကုန်လို့
အစိုးရဆီက အခွန်တော်ရှင်းတမ်း ငွေယူပုံ ယူနည်းများကို စံနစ်တကျလေး ဖြစ်အောင် သိသလောက်ကို အပိုင်းခွဲပြီး ဖော်ပြသွားပါမယ်။
နှစ်တနှစ်ရဲ့ ဇန္နဝါရီလကနေ ဧပြီလ အထိဟာ အမေရိကန်မှာ ယခင်နှစ်က မိမိအလုပ် လုပ်ထားသမျှ၊ ရထားသမျှ၊ အစိုးရကို ပေးဆောင်ထားသမျှ အခွန်တော်ငွေများကို ပြန်လည်ရရှိဖို့ ပြန်လည်အခွန်တော်ဆပ်ဖို့ ၁နှစ်ကျော်ကြာ စောင့်လာခဲ့ရတဲ့ မြန်မာများအဖို့ မျှော်လင့်ချက်တွေ တဖွားဖွား အားကျမခံ လောဘတွေ အပြိုင်တက်ကြ ရတော့မယ့် ကာလတခု ဆိုလည်းမမှားပါ။ တယောက်နဲ့ တယောက် စုံစမ်းကြမယ် ပြီးခဲ့နှစ်က ဆောင်ထားတဲ့ အခွန် ဘယ်လောက် ပြန်ရသလဲ၊ ကလေး ဘယ်နှစ်ယောက်ထည့် ကလိန်း (Tax Claim)လည်း၊ အေးဟယ်..ဒီနှစ်တော့ ငါရော ငါ့ယောက်ျားပါ အလုပ် လုပ်တော့ ကလေး ၁ယောက်တည်းနဲ့ ကလိန်း(Claim)ရင် ပြန်မှရပါ့မလား အေ….! မသိတော့ပါဘူး...အစရှိသဖြင့် ပေါ့လေ..... ရပ်ကွက်ထဲက စုံစီနဖါ အသံတွေ ခပ်စိတ်စိတ် ကြားရတော့မယ်။
တချို့ကျပြန်တော့လည်း ၁နှစ်လုံး အလုပ် မလုပ်ရလို့ နှစ်အကုန်မှာ သူများတွေရဖို့ ငွေတွက်နေချိန်မှာ အကြံမရ ဖြစ်နေကြသူများလည်း ရှိကြမည်။ မြန်မာအများစု အဖို့ ဒီရာသီမှာ အစိုးရ အခွန်တော်ငွေ ပြန်ပေးရဖို့ထက်၊ ပြန်ရဖို့အတွက် ခြေချင်း လိမ်နေကြသည်။ ဘယ်သူ့ဆီကို (Tax Preparer)သွားတွက်ရင် ငွေပိုရမယ်၊ ဘယ်သူ့ ဆီကိုသွားရင်တော့ ငွေတော့ ပိုပေးရတယ်၊ ဒါပေမဲ့ အများကြီးပြန်ရတယ်၊ သိသလောက် မှတ်သလောက် လေးတွေနဲ့ များများ ပြန်ရမဲ့ နည်းလမ်းတွေကို စုံစမ်းကြသည်။ နောက်ဆုံး အကြံကုန်တော့ မောင်ထုံ အချုပ်ထဲရောက် ဆိုကြသလို ဒုက္ခတွေ တပျော်ကြီးနှင့် အစိုးရက လျော်ကြေးပြန် တောင်းတာ ခံကြရ၊ ၂နှစ်ကနေ ၅နှစ်အထိ အခွန်ဆောင်ငွေ ပြန်ရခြင်း အပိတ်ခံကြရတဲ့ အဖြစ်မျိုးကိုလည်း ဒီရာသီမှာ တွေ့ရတာ ဒုနဲ့ဒေး အမောတွေပေါ့။
သူ့ ကလေးတွေကို ငါ့စာရင်းထဲမှာ ယူကလိန်း(Claim)မယ်၊ ငါ့ကလေး တွေကို သူ့ အထဲမှာ ပေးကလိန်း(Claim)၊ ဒီလို ကလေးမှောင်ခို အရောင်းအဝယ်များ၊ ထိုင်းတို့ မလေးရှား တို့ကိုကျော်ပြီး အမေရိကန်မှာ လာရောက် အလုပ်ဖြစ်တဲ့ ရာသီလည်းဖြစ်သည့် စာရွက်ပေါ်မှ အရှုတ်အရှင်းများ။ အမေရိကား အချို့ဒေသတွင် အများစုက အင်္ဂလိပ်စာ မတတ်၊ အင်္ဂလိပ်စကား မတတ်၊ ပညာရေးနဲ့ အလှမ်းဝေး၊ လေ့လာမှုနဲ့ အလှမ်းဝေး၊ ရရာအလုပ် လုပ်ကြရသူများ ဆိုတော့လည်း၊ ဥပဒေတွေ၊ တရားဝင်တာ ဘောင်ဝင်တာ မဝင်တာတွေ ဘာမှ မစဉ်းစားအား၊ လတ်တလော အလုပ်ဖြစ်ကာ လောလောဆယ် များများငွေပြန်ရဖို့ ရတဲ့ငွေနဲ့ စက်နှိုးရင် ဒေါက်ဝှီး…. ဆိုပြီး အချိန်မရွေး မောင်းထွက်ပြီး အလုပ်သွားလို့ရတဲ့ ကားဝယ်ဖို့၊ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိဘ၊ ညီအကို၊ မောင်နှမတွေကို အလှူဒါနပြုကြသူငှါ အကူငွေလေး ထည့်ဖို့အတွက် လာမဲ့ဘေးကို ပြေးတွေ့ ကြသူများလည်း ရှိနေကြသည်။
ဒါတွေဟာ သိပ် အဆန်းကြီးတော့လည်း မဟုတ်ပါ။ အလကား ရမဲ့ငွေ၊ ရမဲ့ငွေကလည်း ကျပ်ငွေ မဟုတ်.. ဒေါ်လာ..လေ၊ ဒီလို မရှိဆင်းရဲသားတွေပဲ ဒီရောဂါဖြစ်တာ လားဆိုတော့ အဲ့ဒီလိုလည်း မဟုတ်ပြန်သေး၊ အမေရိကန်မှာ အကြီးအကျယ် ချမ်းသာကြတဲ့ ဘဏ်သူဌေးများ၊ လုပ်ငန်းပိုင်ရှင်ကြီးများ၊ ကုမ္မဏီ အရာရှိကြီးများ တွေလည်း ဒီလိုပဲဖြစ်ကြသည်။ အစိုးရကို ပေးဆောင်ရမှာ ဖြစ်ဖြစ်၊ ရယူဖို့ ဖြစ်ဖြစ် တကယ့် ထိတ်ထိတ်ကြဲ စာရင်းကိုင် ပညာရှင်များကို နှစ်စဉ် ဒေါ်လာသိန်းနဲ့ချီ ပေးငှားရမ်းပြီး၊ မပေးသင့်တာတွေကို ပြန်ရအောင်၊ နည်းနည်း ပေးရမဲ့ဟာတွေကို လျော်ပြစ်အောင်၊ များများပေးရမဲ့ ဟာတွေကို နည်းသတဲ့နည်း ပေးရအောင်၊ အချို့ဆို ဘောင်ထဲကနေ လုံးဝ မပေးရအောင် အထိ အတွက် နည်းလမ်းပေါင်းစုံ အသုံးပြုပြီး လုပ်ဆောင်ဖို့ ငှားရမ်းကြရတာပဲ မဟုတ်လား။ ဒီလို သိတတ်နားလည်သူ များကို ငှားရမ်းလုပ်နိုင်ကြသူ များတောင် အစား မတော် တလုတ်ဆိုသလို ခြေချော် လက်ချော် လဲကျရသေးရင် မရှိဆင်းရဲသား မြန်မာများအဖို့ အခုလို ပြဿနာတွေ ဖြစ်ကြတာကို ခွှင့်လွှတ်လို့တော့ ရသည်၊ ရမည်။
သို့သော် အကောင်းဆုံးက တရားဥပဒေနည်း လမ်းတကျ လုပ်ဆောင်နိုင်ရင်၊ လုပ်ဆောင်တတ်ရင် တော့လည်း အကောင်းဆုံးဖြစ်သည်။ စည်းမျဉ်း စည်းကမ်းလေးတွေကို နားလည်ထားမယ်၊ စည်းမျဉ်း စည်းကမ်းလေးတွေ ထဲကပဲ ကိုယ် မဆုံးရှုံးသင့်တဲ့ အခွင့်အလမ်းတွေ မဆုံးရှုံးအောင်၊ ရသင့် ရထိုက်တာတွေကို အပြည့်ရအောင် လုပ်မယ် ဆိုရင်ပဲ ဒီနှစ် ငွေရာသီမှာ အိမ်ထောင်သည် မြန်မာတွေပြန်ရမဲ့ ငွေဟာမနည်းပါဘူး။ အဓိက မသိမဖြစ် သိထားရမဲ့ အချက်၂ချက်ရှိပါတယ် ... Deduction ကိုယ်ပေးဆောင်ရမဲ့ အခွန်ငွေပမာဏ Taxable income ကို လျော့နည်း သွားစေတဲ့ ပေးဆောင်ရမဲ့ အခွန်ငွေထဲက နှုတ်ယူနိုင်တဲ့ သုံးစွဲခွင့်ရှိတဲ့ အရာတွေက ဘာတွေလည်း ဆိုတာနဲ့၊ ပြန်လည်ရရှိမဲ့ငွေ Tax Credit ဘယ်လို ကွာခြားသလဲ ဆိုတာလောက်ကို သိရှိထားမယ် ဆိုရင်ပဲ အလုပ်ဖြစ်ပြီး အတော် တာသွားနေပြီ ဖြစ်သည်။
ဥပမာ အားဖြင့်... Child Tax Credit (ကလေးရှိတဲ့ မိဘတွေကို အစိုးရက ၁ ယောက်ကို ၁ထောင်နှုန်းနဲ့ ပေးတဲ့ငွေ)၊ Earned Income Credit [EIC} (အလုပ် ဝင်ငွေနည်းနည်းပဲ ရရှိတဲ့ သူများကို အစိုးရက ပြန်လည် ကူညီတဲ့ငွေ၊ အမြင့်ဆုံး ဒေါ်လာ၂၀၀၀ကျော် ရရှိမှာ ဖြစ်ပါတယ်) နဲ့ ... Child & Dependent Care Credit ကလေးနဲ့ မှီခိုသူများအတွက် ကုန်ကျစားရိတ် အတွက် ကူညီပေးတဲ့ ငွေ) Education Credits-HOPE Credits ပညာရေးအတွက် အကူအညီ အထောက်အပံ့ ပေးတဲ့ငွေ၊ Education Credits- Lifetime Learning Credit (LLC) (မိမိ လက်ရှိလုပ်နေတဲ့ အလုပ်အတွက် လိုအပ်တဲ့ အတတ်ပညာနဲ့ အရည်အချင်း တိုးမြင့်ဖို့ အတွက် ကျောင်းတတ်လို့ ကုန်ကျတဲ့ငွေ) Adoption Credit (ကလေး မွေးစားလို့ ကုန်ကျတဲ့ငွေ) Residential Energy Tax Credits (စွမ်းအင် ချွေတာအောင် သုံးစွဲရင် ပြန်လည် ရရှိမဲ့ငွေ...) တို့အသုံးပြုပုံခြင်း မတူကြပါဘူး။ တခုချင်းဆီမှာ ဆောင်ရန် ရှောင်ရန်တွေ ရှိသလို၊ အကန့်အသတ် တွေလည်း အများကြီး ရှိပါတယ်။
အခွန်ငွေ များများ ပြန်လည်ရရှိဖို့ ဘယ်လိုလုပ် ရမလဲ ဆိုတဲ့နည်းလမ်းနဲ့ စည်းကမ်းတွေကို အမှတ်စဉ်ထိုးပြီး ရှင်းပြတာထက် စာရေးနေတာက ပိုများနေတဲ့ အတွက် လိုရင်းကို အတိအကျပဲ ဆိုပါ့မယ်။ အခွန်ငွေဆောင်တဲ့အခါ အဓိက အခြေခံလိုအပ်မဲ့ အထောက်အထား စာရွက် စာတမ်းနဲ့ အဆင့်တွေနဲ့ ဖော်ပြပေးပါမယ်။ Form W-4 (2009) ဆိုပါစို့ …. ။ W4 လို့ခေါ်တဲ့ စာရွက်ကို အမေရိကားမှာ အလုပ်လျှောက်လို့ ရပြီဆို လူတိုင်း ဒီစာရွက်ကို ဖြည့်ရပါတယ်။ ဒီစာရွက်မှာ အခွန်ဆောင်တဲ့အခါ လိုအပ်မဲ့ အကြောင်းအရာ၊ အချက်အလက်တွေ ဖြစ်တဲ့ အမည်၊ Social Security Number ( လူတဦးချင်းစီ၏ လူမှုဖူလုံရေး နံပါတ် ) မွေးသက္ကရာဇ်၊ အိမ်ထောင်ရေး အခြေအနေ( ရှိ/မရှိ )၊ နေရပ်လိပ်စာ နဲ့ Number of Exemption ( ဟာ အခွန်ဆောင်ရာမှာ အခွန်ငွေ ပြန်ရနိုင်ဖို့ အဓိကကျတဲ့ သော့ချက် အချက်တခုပါ ) တို့ကို အလုပ်သမားတွေ အားလုံး တခါထဲ ဖြည့်ရပါတယ်။
Form W-2 (2009) စာရွက်ကိုတော့ တနှစ် ကုန်တိုင်းမှာ အလုပ်ရှင်က အလုပ်သမားများကို အစိုးရနဲ့ အခွန်ငွေရှင်းဖို့ အတွက် ပေးတဲ့ စာရွက်ဖြစ်ပြီး၊ အလုပ်သမားများ တနှစ်လုံး လုပ်လို့ ရရှိတဲ့ ဝင်ငွေ စုစုပေါင်း၊ ပြည်ထောင်စု အစိုးရ၊ ပြည်နယ် အစိုးရနဲ့ မြို့ နယ်ကို ပေးဆောင်ထားတဲ့ အခွန်ငွေများ၊ အသက်ကြီးလို့ အလုပ် အနားယူတဲ့အခါ ပြန်လည်ခံစားရမဲ့ ငွေများအတွက် ကြိုတင် ပေးဆောင်ထားတဲ့ အခွန်များ၊ အခြားသူ များများအတွက် ကျန်းမာရေး ဖူလုံမှု စောင့်ရှောက်ရေး ထည့်ဝင်ငွေများ၊ ဝင်ငွေ နည်းသူများ အတွက် အစိုးရ ဆီက ကြိုတင်ရရှိတဲ့ အကူငွေများ၊ မိမိရဲ့မှီခိုသူ စာရင်း ပါရှိသူများ အတွက် ကုန်ကျတဲ့ အသုံးစားရိတ်များ နှစ်ချုပ်စာရင်း ... အစရှိတဲ့ မပါမဖြစ် အသုံးပြုရမဲ့ အချက်အလက်များ ပါရှိပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ W4 နဲ့ W2ဟာ အခွန်ဆောင်ရာမှာ အဓိကပါရှိရမဲ့ အစနဲ့အဆုံး သိပြီးသွားတဲ့အခါ၊ အခွန်ငွေ ဘယ်လို တွက်ချက်သလဲ ဆိုတာကို ဆက်ရှင်းပါမယ်။ ကျနော်တို့ မြန်မာ အလုပ်သမားများ အတွက် ကတော့ ဝင်ငွေတွေ အများကြီး မရတဲ့အတွက် တွက်ချက်ပုံ နည်းက တကယ်ကို အရိုးရှင်းဆုံးနည်း ဖြစ်ပါလိမ့်မယ်။
အခြေခံနည်းက
Gross Income (၁နှစ် စုစုပေါင်းဝင်ငွေ)
Deductions for Adjusted Gross Income [AGI] (အခွန်ဆောင် ရမဲ့ငွေ ပမာဏကို ရောက်ရှိဖို့ အတွက် ထုတ်နှုတ်နိုင်တဲ့ ကုန်ကျစရိတ်များ ဖြစ်ပါတယ်) Greater of Itemized or Standard Deduction (အခွန်ဆောင်သူ အနေနဲ့ တနှစ်လုံး ကိုယ်သုံးစွဲခဲ့တဲ့ တရားဝင် သတ်မှတ် ပေးထားတဲ့ ထုတ်နှုတ်ပိုင်ခွင့်ရှိ အသုံးစာရင်းများကို၊ တခုချင်းဆီ ကိုယ့်ဘာသာ ပြုလုပ်တဲ့ ကုန်ကျငွေပမာဏ (Itemized deductions) ဒါမှမဟုတ် အစိုးရက အလိုအလျောက် သတ်မှတ်ပေးလိုက်တဲ့ ကုန်ကျငွေ ထုတ်နှုတ်ပိုင်ခွင့် ငွေပမာဏ (Standard deductions) နှစ်ခုမှာ ကိုယ့်အတွက် များမဲ့ဟာကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။
Exemptions (မှီခိုသူ အရေအတွက်)
Taxable Income (၁နှစ်တာ စုစုပေါင်းဝင်ငွေကို အဆင့်ဆင့် ဖြတ်တောက် လာရာက နောက်ဆုံး ပေးဆောင်မဲ့ အခွန်ငွေကို တွက်ချက်နိုင်တဲ့ ဝင်ငွေဖြစ်ပါတယ်)။ Tax Rate (using tax tables or rate schedules) [နောက်ဆုံး အခွန်ဆောင်ရမဲ့ ဝင်ငွေကို သတ်မှတ် ပေးထားတဲ့ အခွန်ဆောင်ရမဲ့ ရာခိုင်နှုန်း၊ ဒါမှမဟုတ် ဝင်ငွေ အပေါ်မူတည်ပြီး တွက်ချက်ပြီးသား ဖြစ်တဲ့ ဇယားကို အသုံးပြုပြီး ပေးဆောင်ရမဲ့ အခွန်ငွေကို တွက်ချက်ပါတယ်]
Gross Tax Liability (အစိုးရကို ပေးရမဲ့ ငွေ)
Tax Credits and Prepayments ( အစိုးရထံက ရရှိနိုင်မဲ့ အကူငွေ၊ ဒါမှမဟုတ် ကြိုတင် ရရှိထားတဲ့ငွေ ) Tax Due or Refund (ပေးရမဲ့ ငွေ၊ ဒါမှမဟုတ် ပြန်ရမဲ့ငွေကို ရောက်ရှိပါတယ်) အခွန်ဆောင်ရာမှာ လူလွတ်၊ အိမ်ထောင်သည်၊ ကလေးရှိ/မရှိ၊ ကလေးကို ကိုယ့်နဲ့ အတူထည့်သွင်း / မသွင်း၊ မှီခိုသူ အရေအတွက်၊ ဝင်တဲ့ ဝင်ငွေပမာဏ၊ ဝင်ငွေရရှိပုံ ရရှိနည်း၊ အသက်အရွယ် အပိုင်းအခြား အလိုက် ကွဲပြားမှုတွေ အပေါ်အခြေခံပြီး ဖြည့်ရမဲ့ Form သတ်မှတ် ခွဲခြားပုံခြင်းလည်း မတူပါဘူး။
ဥပမာ --
Form 1040EZ ကို
i.လူပျို၊ အိမ်ထောင်သည် အခွန်ခွဲပြီး မဆောင်သူ Single or Married Filing Jointly
ii.အသက် ၆၅နှစ် အောက်ဖြစ်ပြီး၊ မျက်လုံး မကန်းသူ Must not be 65 or older and/or blind
iii.ကိုယ့်ရဲ့ File မှာ မှီခိုသူ မထည့်သွင်းသူ Must not claim any dependents
iv.Taxable Income အခွန်ဆောင် ရမဲ့ဝင်ငွေ (အခွန်ဆောင်ရမဲ့ ဝင်ငွေဆိုရာမှာ အလုပ်က ရရှိတဲ့လစာ၊ အလုပ်လက်မဲ့ ထောက်ပံ့ကြေး ဝင်ငွေနဲ့ ဘဏ်မှာ ငွေစုဆောင်းရာမှ ရရှိတဲ့အတိုး ဝင်ငွေ $1,500 ထက်မပိုတဲ့ ဝင်ငွေ) $100,000 အောက်ရှိသူTaxable income must be under $100,000 [Only wages, salaries or unemployment and not more than $1,500 taxable interest income]
v.ဝင်ငွေနည်းသူ Low Income အလုပ်သမားများ အတွက် အစိုးရက ပေးတဲ့ ကြိုတင် ထောက်ပံကြေး ငွေမရှိသူများ - အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Not received advanced earned income credit
Form 1040 A ကို
ယေဘူယျအားဖြင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းမှဝင်ငွေ မရရှိသူများနဲ့ Itemize deductions ကိုယ့်ဘာသာ ဖြတ်တောက် ထုတ်နှုတ်ခွင့်ရှိတဲ့ အသုံးစာရင်း များကို အသုံး မပြုသူများက အသုံးပြုနိုင်ပါတယ်။
Form 1040 ကို
အထက်မှာ ဖော်ပြခဲ့တဲ့ဖောင် ၂ခုနဲ့ အကြုံးမဝင်သူ များက၊ နောက်ထပ် လိုအပ်ရင် အသုံးပြု ဖြည့်စွက်ရမဲ့ ဖောင့်များနဲ့ အတူ အသုံးပြုနိုင်တယ်။ Schedule A to itemize deductions ထုတ်နှုတ်ခွင့်ရှိတဲ့ ကုန်ကျမှုများကို ဖြည့်ရမဲ့ဖောင် Schedule B to report dividends/interest income> $1500 ငွေကြေး ဈေးကွက်မှာ၊ ဒါမှမဟုတ် ဘဏ်မှာ ရင်းနှီးမြှတ်နှံရာမှ ရရှိတဲ့ ဝင်ငွေများကို ဖြည့်စွက်ရမဲ့ဖောင် Schedule C to report trade/ business income ကိုယ်ပိုင် စီပွားရေး လုပ်ငန်းက ရရှိတဲ့ ဝင်ငွေကို ဖြည့်စွက်ရမဲ့ ဖောင် Schedule D to report capital gains/losses ရင်းနှီးမြှတ်နှံမှု အမြတ် အရှုံးကိုဖြည့်စွက် ရမဲ့ဖောင် Schedule E to report rental/royalty income အိမ်ငှား အခန်းငှား ရာမှာရရှိတဲ့ ဝင်ငွေကို ဖြည့်စွက်ရမဲ့ဖောင် Schedule F to report farm/ranch activities လယ်လုပ်ငန်းနဲ့ ပတ်သက်ပြီး ဝင်ငွေ သုံးစွဲငွေတွေကို ဖြည့်စွက်ရမဲ့ဖောင် ဖြစ်ပါတယ်။
Form 1040 X ကိုတော့
အထက်မှာ ဖော်ပြခဲ့တဲ့ ဖောင်များကို ဖြည့်စွက်ရာမှာ အမှားအယွင်းနဲ့ လိုအပ်ချက် ပြင်ဆင်စရာများ ပါသွားခဲ့ရင်၊ ပြန်လည်ပြင်ဆင်ဖို့ အတွက် အသုံးပြုပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံသားများ အတွက် အမေရိကား တနှစ်တာ အခွန်အတွက် အထက်ဖော်ပြခဲ့တဲ့ ဖောင်များနဲ့ ဆိုရင်ပဲ အတော်လေးကို လုံလောက်သွားပါပြီ။ နောက်တဆင့် အနေနဲ့ ထုတ်နှုတ်ခွင့် ရှိတဲ့ကုန်ကျ စရိတ်စာများနဲ့ သတ်မှတ်ပေးထားတဲ့ ငွေပမာဏာကို ပြောပါမယ်။ ပြီးရင် ဖောင်တွေကို ကူးယူဖော်ပြ ပေးထားပါတယ်။
Standard Deductions & Exemptions
အထက်မှာ ဖော်ပြခဲ့ပြီးသလို Exemptions မှီခိုသူ အရေအတွက် အနည်းအများ အပေါ်မူတည်ပြီး အခွန် ဆောင်ရမှု ၊ အခွန်ငွေ ပြန်လည်ရရှိမှု မတူကြဘူး ဆိုတာသိပြီး ဖြစ်တယ်နော်။ တယောက်နဲ့ တယောက် စာရင်း ထည့်သွင်းပုံခြင်းလည်း မတူကြပါဘူး။ ကိုယ့်မှာရှိတဲ့ မှီခိုသူ အရေအတွက် အပေါ် အခြေခံပြီး တချို့ နှစ်ကုန်ရင် ငွေများများ ပြန်ရချင်သူများက Exemptions ကို နည်းနည်းပဲ ထည့်ပြီး၊ တချို့ ငွေကို အပတ်စဉ်၊ လစဉ် လက်ငင်းများများ လိုချင်သူတွေ ကတော့ များများထည့် ပါတယ်။
2008 Exemptions
1 Exemptions $3500
2 Exemptions $7000 ထည့်တဲ့ အရေအတွက် အပေါ်မူတည်ပြီး အစိုးရက အခွန်ဖြတ်မှာ ဖြစ်ပြီး အလုပ်သမားတွေက အဲဒီနှုန်းအတိုင်း အခွန်ငွေ ရစရာရှိရင် ပြန်ရမှာပါ။
2008 Standard Deductions
Single လူလွတ် ...............
....................................
....................................
$5450
Married Filing Joint [MFJ] အိမ်ထောင်သည် အခွန်အတူ ဆောင်သူ ......................
...........................
$10,900
Qualifying widow (er) မုဆိုးဖို၊ မုဆိုးမ ........................
...........................
...........................
$10,900
Head of Household [HOH] အိမ်ထောင်ဦးစီး..................
...........................
...........................
$8,000
Married Filing Separate [MFS] အိမ်ထောင်သည် အခွန်ခွဲဆောင်သူ ...........
...........................
...........................
$5,450
အပိုင်း ၂ အဆုံးသတ် နောက်အပါတ် ဆက်ရေးပါဦးမယ်။

မိုင် ၁၀၀ အကွာမှ ရန်သူကို အသံထက် ရှစ်ဆမြန်သော အမြန်နှုန်းဖြင့် ပစ်ခတ်နိုင်သော လက်နက် အမေရိကန်ရေတပ် စမ်းသပ်

b33810
မိုင် ၁၀၀ အကွာမှ ရန်သူကို အသံထက် ၈ ဆမြန်သော အမြန်နှုန်းဖြင့် အတိအကျ ပစ်ခတ်နိုင်သည့် လက်နက်တစ်မျိုးကို အမေရိကန် ရေတပ်က စမ်းသပ်နေကြောင်း သိရသည်။
ယမ်းမှုန့်ကဲ့သို့သော ပေါက်ကွဲစေသည့် အရာများကို မသုံးဘဲ အလွန် အင်အားကြီးသော လျှပ်စစ်စွမ်းအင်ကိုသုံးကာ ကျည်ဆန်အား တွန်းလွှတ်သည့် နည်းပညာကို သုံးထားခြင်း ဖြစ်သည်။ လျှပ်စစ်သံလိုက်လှိုင်းသုံး လျှပ်စစ်စီးကြောင်း ဖြတ်ပစ် လွှတ်ရသည့် သေနတ်ကြီးဖြင့် ကျည်ဆန်ကို ပစ်လွှတ်ရခြင်း ဖြစ်သည်။
ယင်းသေနတ်မှ ပစ်လွှတ်မှုတွင် သေနတ်ပြောင်းဝမှ ထွက်လာသော အားသည် ၃၃ မီဂါဂျိုးရှိပြီး ယခင် ကမ္ဘာ့သေနတ်ပြောင်းဝမှ ထွက်သည့် စွမ်းအင်စံချိန်ထက် သုံးဆမျှ ပိုပြင်းထန်သည်ဟုသိရသည်။ တစ်မီဂါဂျိုးသည် တစ်တန်ကားတစ်စီး မိုင်တစ်ရာ သွားသည်နှင့် အကြမ်းဖျင်း ညီမျှပြီး ၃၃ မီဂါဂျိုး ဖြစ်သောကြောင့် ပစ်မှတ်ကို ထိသည့်အားသည် ယင်းအား၏ ၃၃ ဆ ရှိမည် ဖြစ်သည်။ ဗာဂျီးနီးယားပြည်နယ်၊ ဒါလ်ဂရင်မှ ရေတပ်ဌာနတွင် စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ပစ်လွှတ်လိုက်သော ကျည်ဆန်သည် မိုင် ၁၀၀ ကို မိနစ်ပိုင်းအတွင်း ရောက်နိုင်ပြီး သမားရိုးကျ သေနတ်များတွင် မရနိုင်သော အလျင်ဖြင့် အတိအကျ ထိမှန်နိုင်သည်ဟု သိရသည်။ ပေါင် ၂၀ လေးသည့် ကျည်ဆန် (သို့မဟုတ်) ဒုံးကျည်ဖြင့် ပစ် ခတ်နိုင်သည့် ယင်းလက်နက်ကို စစ်သင်္ဘောများတွင် တပ်ဆင်နိုင်ရန် အနည်းဆုံး ငါးနှစ်မျှ အချိန်ယူရဦးမည် ဖြစ်သည်။

source:eleven media

ပြေးမလွတ်ရိုင်ဖယ် အမေရိကန်စစ်တပ်တွင် သုံးပြီ

b33602
မည်သို့မျှ ရှောင်ပုန်းရန် မလွတ်နိုင်သော တပ်သုံးရိုင်ဖယ် တစ်မျိုးကို အမေရိကန်စစ်တပ်က ယခု လကုန်ပိုင်းမှ စတင်၍ အာဖဂန်နစ္စတန်တွင် စတင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရှိရသည်။
XM25 ရိုင်ဖယ်တွင် ချိန်မှတ်ထားသည့် အကွာအဝေးသို့ သွားနိုင်စွမ်းရှိပြီး ရန်သူများ ပုန်းအောင်းနေသည့် နေရာများသို့ ချိန်ရွယ်ပစ်ခတ်နိုင်သော ပရိုဂရမ် ထည့်သွင်းထားသည့် ကျည်ဆံများကို အသုံးပြုထားသည်။ ပစ်မှတ်ကို ထိခတ်နိုင်ရန်အတွက် ၂၃၀၀ ပေအထိရောက် အောင်သွားနိုင်သည်ဟု သိရှိရသည်။
အမေရိကန် စစ်တပ်အတွက်သာ အထူးစီမံ ပြုလုပ်ထားသော XM25 ကို ယခုလကုန်ပိုင်းတွင် စတင် အသုံးပြုသွားမည်ဟု အမေရိကန်စစ်တပ်မှ ထုတ်ဖော် ပြောကြားခဲ့သည်။ ယင်းရိုင်ဖယ်တွင် အဓိက ပစ်မှတ်များနှင့် ပြောင်းဝအကြား အကွာအဝေးကို တိကျစွာ ချိန်မှတ်နိုင်ရန် လေဆာရှာဖွေမှုကို ထည့်သွင်းထားပြီး ယင်းသည် ကြားခံ အကာအကွယ်ကို ဖောက်ထွင်းသွားကာ ပစ်မှတ်သို့ ရောက်ရှိမှ ယမ်းပေါက်ကွဲနိုင်ရန် စီမံပြုလုပ်ထားခြင်း ဖြစ်သည်။
ယင်းရိုင်ဖယ် စီမံကိန်း၏ မန်နေဂျာဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ခရစ္စတိုဖာလေနာက ယင်းသေနတ်ကို Game-Changer ဟု ခေါ်ဆိုခဲ့ပြီး အခြားသော နိုင်ငံများကလည်း တုပလုပ်ဆောင်လာကြမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန် စစ်တပ်မှ အဆိုပါ ရိုင်ဖယ်မျိုး ၁၂၅၀၀ ခန့်ကို ယခု နှစ်အတွင်း ၀ယ်ယူလိမ့်မည်ဟု ၎င်းက ခန့်မှန်းထားသည်။

source:eleven media

 နေကို ပိုင်ဆိုင်သည်ဟု စပိန်အမျိုးသမီးတစ်ဦး ပြောကြား

b33701
စပိန်နိုင်ငံရှိ အမျိုးသမီးတစ်ဦးက နေကို ၎င်းပိုင်ဆိုင်မှုအဖြစ် မှတ်ပုံတင်ခဲ့ပြီးနောက် နေကို ၎င်းပိုင်ဆိုင်ကြောင်း ပြောကြားခဲ့ပြီး နေစွမ်းအင်မှ အကျိုးအမြတ် ရရှိနေသူများကို တရားစွဲသွားရန် ပြင်ဆင်နေကြောင်း ပြောကြားခဲ့သည်။
လ၊ အင်္ဂါဂြိုဟ်နှင့် သောကြာဂြိုဟ် စသည်တို့ကို ပိုင်ဆိုင်သည်ဟု အမေရိကန်နိုင်ငံသား တစ်ဦးက ပြောကြားခဲ့မှုကို ဒေးလီးတယ်လီဂရပ် သတင်းစာက ဖော်ပြခဲ့မှုအား လေ့လာပြီးနောက် စပိန်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဂါလီစီယာဒေသရှိ ဗိုင်ဂိုတွင် နေထိုင်သော အသက် ၄၉ နှစ်ရှိ Angeles Duran က နိုင်ငံတွင်းရှိ ဥပဒေဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆွေးနွေးပြီးနောက် ပိုင်ဆိုင်မှု သက်သေ စာရွက်စာတမ်း notary ရရှိခဲ့သည်။
၁၉၆၇ ခုနှစ်တွင် ရရှိခဲ့သော Outer Space Treaty အရ မည်သည့် အစိုးရကမှ အာကာသတွင်းရှိ အရာဝတ္ထုများ (နေ၊ လ၊ ကြယ် စသည့်)ကို ပိုင်ဆိုင်ကြောင်း ထုတ်ပြန်ခြင်း မပြုရဟု သဘောတူညီထားသော်လည်း လူတစ်ဦးချင်းအတွက်မူ ကန့်သတ်မထားကြောင်း သိရသည်။
နေစကြ၀ဠာဗဟိုတွင် ရှိသော၊ ကမ္ဘာနှင့် ပျမ်းမျှအကွာအဝေး ၁၄၉၆၀၀၀၀၀ ကီလိုမီတာတွင် ရှိသော နေကိုပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းဖြင့် ကြေညာခဲ့ခြင်း ဖြစ်သည်။ ''ဥပဒေကို ကျွန်မသိတယ်။ ကျွန်မပြောကြားချက် ဥပဒေကြောင်းအရ ထောက်ခံမှု ရခဲ့တယ်။ ကျွန်မ လုပ်နိုင်ခဲ့ပြီ။ ဒါပေမဲ့ ဘယ်သူမဆို လုပ်နိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။
၎င်းသည် စပိန် စက်မှုဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး နေစွမ်းအင်မှတစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ရေး လုပ်ဆောင်နေသော စက်ရုံများမှ အခွန်ရရှိနိုင်ရေးအတွက် ဆွေးနွေးနေသည်ဟု ပြောကြားခဲ့သည်။ ၎င်း၏အစီအစဉ် အရ ရရှိသော အကျိုးအမြတ် ထက်ဝက်ကို အစိုးရထံ ပေးသွားမည် ဖြစ်ပြီး ၂၀ ရာခိုင်နှုန်းကို ပင်စင်ရန်ပုံငွေ၊ ကမ္ဘာတစ်ဝန်း ငတ်မွတ်မှု တိုက်ဖျက်ရေးနှင့် သုတေသန လုပ်ငန်းများအတွက် ၁၀ ရာခိုင်နှုန်းစီ ပေးသွားမည်ဖြစ်ကာ ကျန်ရှိသော ၁၀ ရာခိုင်နှုန်းကို ၎င်းက ရယူမည်ဖြစ်သည်။

 ပုဂ္ဂလိက အာကာသခရီးသွားလုပ်ငန်းရှင် ဘရန်ဆန် အလောင်းအစား ရှုံးသောကြောင့် အဲအေးရှ လေယာဉ်မယ် လုပ်ရမည်

b33809
ပုဂ္ဂလိက အာကာသခရီးတိုသွား ၀န်ဆောင်မှုကို စွန့်ဦးဆောင်ရွက်ခဲ့သည့် ဗာဂျင်းလေကြောင်းလိုင်း ပိုင်ရှင် ဆာရစ်ချက်ဗရန်ဆန်သည် ပြိုင်ဘက် အဲအေးရှပိုင်ရှင် တိုနီဖာနန်ဒက်စ်နှင့် အလောင်းအစား လုပ်ရာတွင် ရှုံးခဲ့သောကြောင့် ဖာနန်ဒက်စ်၏ လေကြောင်းလိုင်းတွင် လေယာဉ်မယ် သွားလုပ်ရမည် ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ဖော်မြူလာဝမ်း ကားပြိုင်ပွဲတွင် အသင်းပိုင် ရှိသူများ ဖြစ်ပြီး မည်သူ့အသင်းက နှစ်ကုန်တွင် ရပ်တည်မှုအဆင့် ပိုမြင့်မည်ကို လောင်းခဲ့ကြခြင်း ဖြစ်သည်။ ဖာနန်ဒက်စ်၏ လွိုက်တပ်စ် ဖော်မြူလာဝမ်းအသင်းက ဘရန်ဆန်၏ ဗာဂျင်း ရေးစင်းထက် အဆင့်ရပ်တည်မှုတွင် ပိုမြင့်သောကြောင့် ဘရန်ဆန် ရှုံးသွားခဲ့သည်။ ''၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ရစ်ချက်ဘရန်ဆန် ဟာ AirAsia X ရဲ့ အဖွဲ့ဝင်တစ်ဦး အနေနဲ့ ပါဝင်မယ်လို့ အတည်ပြုပါတယ်''ဟု ဖာနန်ဒက်စ်က မိုက်ခရို ဘလော့ဂ်နှင့် တွစ်တာတွင် ရေးသားခဲ့သည်။ ယင်းလေယာဉ်သည် လန်ဒန်၊ စတန်စတက်ဒ်လေဆိပ်မှ ကွာလာလမ်ပူသို့ ထွက်ခွာမည် ဖြစ်သည်။
ယင်းခရီးစဉ်မှ ရောင်းရငွေကို လှူဒါန်းမည်ဟုလည်း ဖာနန်ဒက်စ်က ကြေညာထားသည်။ ဘရန်ဆန်သည် မိတ်ကပ်လိမ်း၊ ဒေါက်မြင့်ဖိနပ် စီးပြီး လေယာဉ်မယ် တစ်ဦးကဲ့သို့ လေယာဉ်ပျံသန်းစဉ်အတွင်း အိမ်သာဆေးခြင်း ကဲ့သို့သော ကိစ္စများ ကိုလည်း လုပ်ဆောင်ရမည် ဖြစ်သည်။

source:eleven media

အမျိုးသမီး ရင်သားကို နေ့စဉ် ကြည့်ရှု ခံစားသည့် အမျိုးသားများ၏ ကျန်းမာရေး ကောင်းမွန်နိုင်

alt
လှပ ကျော့ရှင်းသည့် အမျိုးသမီးတဦး၏ ရင်သားအလှကို နေ့စဉ် ကြည့်ရှုခံစား နေသည့် အမျိုးသားတဦး © ( Photo: New England Journal of Medicine )
လှပ ကျော့ရှင်းသည့် အမျိုးသမီး တဦး၏ ရင်သားအလှကို နေ့စဉ် (၁၀)မိနစ်စီ ကြည့်ရှု ခံစားခြင်းသည် အမျိုးသားများ အတွက် ကျန်းမာရေး ကောင်းမွန် စေကြောင်း သိရှိရသည်။
ယင်း အလေ့အကျင့်ကြောင့် ရရှိလာသည့် လှုံ့ဆော်မှုသည် နာရီဝက် ကြာအောင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် ညီမျှကြောင်း ဒေါက်တာ ကာရန် ၀ီသာဘီ က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာ ၀ီသာဘီ ဦးဆောင်သော ဂျာမနီနိုင်ငံ ဆေးရုံ(၃)ခုမှ ဆရာဝန် များသည် အမျိုးသား အယောက်(၂၀၀) တို့၏ နေ့စဉ် ဓလေ့စရိုက် များကို (၅)နှစ် အချိန်ယူ လေ့လာခဲ့ကြရာ ၎င်းတို့အနက် ထက်ဝက်သည် မနက်လင်းချိန်တွင် အရင်ဆုံး မြင်ချင်သည့် ကိစ္စမှာ စိတ်လှုပ်ရှားဖွယ် ကောင်းလှသည့် အမျိုးသမီးတဦး၏ ခန္ဓာကိုယ်အလှ ဖြစ်ကြောင်း ပြောကြားထားကြပြီး ကျန်တ၀က်မှာမူ ထိုကိစ္စ အတွက် ထောက်ခံခြင်း မပြုဘဲ ကြားနေကြသည်။
ပညာရှင် များသည် ပထမအဖွဲ့မှ ပုဂ္ဂိုလ်များအား ၎င်းတို့ဆန္ဒအတိုင်း ဆောင်ရွက်ရန် ခွင့်ပြုထားပြီး ကျန်အဖွဲ့ကိုမူ နှစ်သက်ရာ အာရုံအလိုက် ခံစားခွင့် ပေးထားသည်။ (၅)နှစ် ကြာပြီးနောက် နေ့စဉ်နေ့တိုင်း အမျိုးသမီးများ၏ လှပသော ရင်သားကို အရသာခံ ကြည့်ရှုခွင့်ရသည့် အမျိုးသားများသည် သွေးဖိအား ပြဿနာ၊ သွေးကြောနှင့် ဆိုင်သော ရောဂါများ၊ သွေးခုန်နှုန်း မမှန်ကန်မှုများ ဖြစ်ပေါ်နိုင်ခြေ သိသိသာသာ ကျဆင်းသွားသည်ကို လေ့လာ တွေ့ရှိခဲ့သည်။
လိင်နှင့် ဆိုင်သည့် စိတ်လှုပ်ရှားမှုသည် နှလုံးအား ပိုမိုလှုပ်ရှား သက်ဝင်စေကာ သွေးလှည့်ပတ် စီးဆင်းမှုကို လျင်မြန် ကောင်းမွန်စေသည်။ ထို့ကြောင့်လည်း လိင်စိတ်ကို လှုံ့ဆော်ပေးနိုင်သည့် ရင်သားအလှကို နေ့စဉ်ခံစား ထိတွေ့နေသည့် အမျိုးသားများ အတွက် ကျန်းမာရေး ပိုမို ကောင်းမွန်နေသည်မှာ မေးခွန်းထုတ်စရာ မလိုသည့် ရလဒ်ဖြစ်ကြောင်း ဒေါက်တာ ၀ီသာဘီက ရှင်းပြခဲ့သည်။
ထို့အပြင် ထိုအပြုအမူကို ကာလရှည်ကြာ ပြုလုပ်ပါက နှလုံးရောဂါ ဖြစ်နိုင်ခြေ ထက်ဝက်မျှ ကျဆင်း နိုင်သည်ဟုလည်း ဆိုသည်။ ထို့ကြောင့်လည်း ဒေါက်တာဝီသာဘီ က အမျိုးသားများ ( အထူးသဖြင့် အသက် ၄၀ ကျော် ပုဂ္ဂိုလ်များ ) သည် D-Cup အရွယ်၊ သို့မဟုတ် ပိုကြီးသော အမျိုးသမီး ရင်သားများကို နေ့စဉ် နေ့တိုင်း (၁၀)မိနစ်မျှ ခံစား ကြည့်ရှုသင့်ကြောင်း တိုက်တွန်း နှိုးဆော်ထားသည် ကို ဂျာမဏီ နိုင်ငံထုတ် နယူး အင်္ဂလန် ဆေးပညာ ဂျာနယ်တွင် ဖေါ်ပြထားသည်။
source:peoplemediavoice

18.12.10

အင်္ဂလန်အမျိုးသမီး၏ ထူးထူးဆန်းဆန်း ရဲစခန်းသို့ တိုင်ကြားမှု

alt
ပုံ​စံ​ ​ဆင်တူ​သည့်​ နှင်း​ခဲ​ရုပ်​တု​တ​စ်ခု ©​ dailychilli
အ​င်္ဂလန်​နိုင်ငံ​မှ​​ ​အ​မျိုး​သ​မီးတစ်ဦး​သည်​​ ​ရဲ​စ​ခန်း​သို့​ ​ထူး​ထူး​ဆန်း​ဆန်း​​ ​တိုင်​ကြား​မှု​ ​တစ်​ခု​ကြောင့်​​ ​ရဲ​များ​ ဦး​နှောက်​စား​နေ​ကြောင်း​​ ​သိ​ရ​သည်​။ ​နိုင်ငံ​အ​ရှေ့​တောင်​ပိုင်း​​ ​ကန့်​ဒေသ​တွင်​ ​ဆီး​နှင်း​များ​ ​ထူ​ထပ်​ပြီး​ ​ကား​ပေါင်း​ ရာ​နှင့်​ချီ​ လမ်း​ဘေး​ထိုး​ရပ်​ထား​ရာ​မှ​ ​ရဲ​များ​ထံ​ ​အ​ကူ​အ​ညီ​ ​တောင်း​ခံ​နေ​သော​ကြောင့်
ရဲ​တပ်​ဖွဲ့​မှာ​ ​အ​လွန်​အ​လုပ်​များ​လျက်​ရှိ​ချိန်​တွင်​ ​အ​ဆို​ပါ​ ​အ​မျိုး​သ​မီးက​​ ​သူ​မထု​လုပ်​ထား​သည့်​ ​နှင်း​ခဲ​ရုပ်​ကို​ ​သူ​များ​ခိုး​သွား​ကြောင်း​ ​တိုင်​ကြား​ခဲ့​ခြင်း​ဖြစ်​သည်​။
ယင်း​အ​ရုပ်​အ​တွက်​ ​၅​ ​နာ​ရီ​ကြာ​ ​အ​ချိန်​ယူ​ခဲ့​ရ​ကြောင်း​၊​ ​သူ​မ​ပိုင်​ ​နှင်း​ခဲ​ရုပ်​ကို​ ​သူ​မ​စီး​က​ရက်​ ​သွား​သောက်​ချိန်​တွင်​ ​တစ်ဦးဦး​က​ ​ခိုး​ယူ​သွား​ကြောင်း​ ​အ​ဆို​ပါ​ ​အ​မျိုး​သ​မီး​က​ ​ဖုန်း​ဆက်​တိုင်​ကြား​ခဲ့​သည်​။ ​ထို့​အ​ပြင်​ ​အ​ရုပ်​ကို​ ​ဖြစ်​နိုင်​သ​မျှ​ ​အ​မြန်​ဆုံး​ ​ကူ​ညီ​ရှာ​ဖွေ​ပေး​စေ​လို​ကြောင်း​ ​ပန်​ကြား​ခဲ့​သေး​သည်​။ ​ရဲ​များ​က​ ​ထို​အ​မျိုး​သ​မီး​သည်​ ​အ​ပျော်​သ​ဘော​ ​ကျီ​စယ်​နေ​ခဲ့​ခြင်း​ ​မ​ဟုတ်​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။ ​သို့​သော်​လည်း​ ​စုံ​ထောက်​ဌာ​န​ ​အ​ကြီး​အ​ကဲ​ ​ဆီ​မွန်​ဘ​လက်​က​ ​ထို​ကိ​စ္စ​သည်​ အ​လွန်​အ​လိုက်​မ​သိ​သော​ ​လုပ်​ရပ်​ဖြစ်​ကြောင်း​ ​ဝေ​ဖန်​သွား​သည်​။
ဗြိ​တိန်​နိုင်ငံ​ ​နေ​ရာ​အ​နှံ့​အ​ပြား​တွင်​ ​ရေ​ခဲ​များ​ ​ဖုံး​လွှမ်း​နေ​ပြီး​ ​ကား​များ​လမ်း​ချော်​ခြင်း​ကဲ့​သို့​ ​ကိ​စ္စ​များ​ကြောင့်​ ​အ​ရေး​ပေါ်​ ​ဖုန်း​နံ​ပါတ်​ 999 ​သို့​ ​အ​ကူ​အ​ညီ​ ​တောင်း​ခံ​မှု​ ​အ​မြောက်​အ​မြား​ ​ရှိ​နေ​ကြောင်း​ ​သိရ​သည်​။
source:peoplemediavoice

ဦးနှောက်ယိုစီးမှုလား၊ ဦးနှောက်ဖွံ့ဖြိုးမှုလား

ပြည်တွင်းက ပညာတတ်တွေ နိုင်ငံခြားထွက်သွားပြီး အလုပ်လုပ်ကြတာနဲ့ ပတ်သက်ပြီး အမြင် အယူအဆ အမျိုးမျိုးရှိကြတယ်။ တချို့ကဒါဟာ ဦးနှောက်ယိုစီးမှု(brain drain) ဖြစ်တယ်။ ပညာသင်ကြားပေးခဲ့ရတဲ့ မိခင်နိုင်ငံအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ သဘောထားကြတယ်။

ပိုဆိုးတဲ့ ပြဿနာ

ဦးနှောက်ယိုစီးမှုထက်ဆိုးတဲ့ ဦးနှောက်ခြောက်ခန်းမှု (braindry) ပြဿနာလည်း ရှိသေးတယ်လို့ ကိုယ်တိုင်လည်း ရေးခဲ့ဖူးတယ်။ ဆရာဝန်ဖြစ်ပြီး ဆရာဝန်မလုပ်ဘဲ ကုမ္ပဏီထောင် စီးပွားရေးလုပ်တဲ့အခါ၊ အထည်အလိပ် အင်ဂျင်နီယာဘွဲ့ရက သင်္ဘောသား သွားလုပ်တဲ့အခါ၊ ဘူမိဗေဒဘွဲ့ရက ဆေးကုမ္ပဏီရဲ့ ဆေးရောင်းသမား သွားလုပ်တဲ့အခါ သူတို့ သင်ယူခဲ့တဲ့ ပညာတွေ မေ့လျော့ ခြောက်ခန်းသွားပြီး အဟာသိကံ ဖြစ်ရတယ်လို့ ရေးခဲ့တာ ဖြစ်တယ်။

ဒီပြဿနာမျိုးဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုပြီး အဖြစ်များတဲ့အတွက် တိုးတက်မှုနောက်ကျမှုဟာ တစ်နေ့ထက်တစ်နေ့ ပိုပြီးဆိုးလာတယ်လို့ ယူဆကြတယ်။ ကုလသမဂ္ဂ ညီလာခံကြီးတွေမှာ ဒီပြဿနာ ဖြေရှင်းရေးအတွက် အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပေမယ့် ဒီနေ့အထိ အဖြေရှာမတွေ့နိုင်ကြဘူး။ ချမ်းသာတဲ့ နိုင်ငံတွေက နိုင်ငံပေါင်းစုံရဲ့ အထက်မြက်ဆုံး ဦးနှောက်တွေကို အချောင်ရနေတဲ့အတွက် မှိန်းပြီး မသိချင်ယောင် ဆောင်နေကြတယ်လို့  စွပ်စွဲသံတွေလည်း ကြားရတယ်။

လွယ်လွယ်နဲ့ ထွက်ခွင့်မပေး

ဒီနိုင်ငံမှာ ဘွဲ့ရတဲ့အထိ ပညာသင်ယူခဲ့ပြီးမှ နိုင်ငံခြားထွက် အလုပ်လုပ်တဲ့အတွက် နိုင်ငံမှာ နစ်နာတယ်လို့ မြန်မာဆိုရှယ်လစ်ခေတ်က ယူဆခဲ့တယ်။ အဲဒီယူဆချက်ကြောင့် မြန်မာနိုင်ငံသားတွေ နိုင်ငံခြားထွက်ခွင့် လွယ်လွယ်နဲ့မပေးခဲ့ဘူး။ FRC ကိုင်ထားပြီး အပြီးပြန်တော့မယ့် ''ဖော်ဂွတ်'' (For Good) သမားတွေပဲ အသွားများတယ်။ မြန်မာလူမျိုးများ အတွက်တော့ လွယ်လွယ်နဲ့မထွက်နိုင်အောင် ဘွဲ့နဲ့ဒီပလိုမာအတွက် ပညာရေးလျော်ကြေး ကောက်ခံတဲ့စနစ် စတင်တီထွင် လုပ်ဆောင်ခဲ့တယ်။ ဒီနေ့အထိ ဒီစနစ် ရှိနေသေးတယ်။ အဲဒီခေတ်မှာ အစိုးရကလွှတ်တဲ့ ပညာတော်သင်နဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့တွေလောက်ပဲ နိုင်ငံခြား အသွားအလာရှိကြတယ်။ ဒီခေတ်လို ရှော့ပင်းထွက်တယ်ဆိုတာ ကြားတောင်မကြားဖူးကြဘူး။

ဝါးလုံးခေါင်းထဲက ထွက်ကြ

ပညာတတ်တွေ နိုင်ငံခြားထွက် အလုပ်လုပ်တာဟာ နိုင်ငံအတွက် ဆုံးရှုံးနစ်နာမှု မဟုတ်ဘူး။ အမြတ်တောင် ထွက်သေးတယ်လို့ ယူဆသူတွေလည်း ရှိတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုအတွက် အထူးလိုအပ်တဲ့ နိုင်ငံခြားငွေ ရှာ ပေးတာဖြစ်လို့ တားဆီးပိတ်ပင် မလုပ်သင့်ဘူးလို့ သူတို့ကဆိုတယ်။ သီရိလင်္ကာ၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေဟာ နိုင်ငံခြားသွား နိုင်ငံခြားက ပြန်ပို့တဲ့ နိုင်ငံခြားငွေ နှစ်စဉ် ဒေါ်လာ သန်းရာပေါင်းများစွာ ရရှိနေတာကို ထောက်ပြကြတယ်။ ကမ္ဘာရွာခေတ်မှာ ၀ါးလုံးခေါင်းထဲက ထွက်ကြပါလို့လည်း သူတို့က တိုက်တွန်းနှိုးဆော်ကြတယ်။

အရေးကြီးလိုလို

မကြာမီလေးကပဲ မန္တလေးက စာတစ်စောင်ရတယ်။ အငြိမ်းစားဘီအီး (စက်မှု) အင်ဂျင်နီယာကြီး တစ်ယောက်ဆီကပါ။ သူမြင်တဲ့''ဘရိန်းဒရိန်း''ကတော့ တစ်မျိုးဖြစ်တယ်။ အင်ဂျင်နီယာဘွဲ့ရပြီး အင်ဂျင်နီယာဆိုတဲ့ ရာထူးကြီး ယူထားပေမယ့် တကယ်လက်တွေ့ကျတော့ စာရင်းအင်းတွေ စာရွက်တွေ၊ အစီရင်ခံစာတွေနဲ့ပဲ အလုပ်ရှုပ်နေရတဲ့ စာရင်းကိုင်လိုလို၊ ရုံးအုပ်စာရေးကြီးလိုလို ဖြစ်နေတာကမှ အမှန်တကယ် ''ဘရိန်းဒရိန်း'' ဖြစ်တာပါတဲ့။

ဘရိန်းဂိန်း

နိုင်ငံခြားထွက် အလုပ်လုပ်တဲ့အတွက် ပိုပြီး မျက်စိပွင့်နားပွင့် ဖြစ်လို့ ''ဘရိန်းဂိန်း'' (brain gain) ဖြစ်တယ်လို့ ပြောချင်ပါတယ်တဲ့။ ဆက်ပြီးသူက တိန့်ရှောင်ဖိန်ရဲ့လုပ်ရပ် ဆိုတဲ့ အကြောင်းတစ်ခု ပြောထားသေးတယ်။ တိန့်ရှောင်ဖိန် အာဏာပြန်ရ တဲ့အခါမှာ ပညာထူးချွန်တဲ့ လူငယ်တွေကို အမေရိကနဲ့ ဥရောပနိုင်ငံတွေဆီ ပညာသင်လွှတ်တယ်။ တခြားသူတွေက ဒီလူတွေပြန်မလာရင် ဘယ်လိုလုပ်မလဲလို့ မေးတော့ ကိစ္စမရှိပါဘူးလို့ ပြန်ဖြေတယ်။ လက်တွေ့မှာလည်း အတော်များများ ပြန်မလာဘဲ ဟိုနိုင်ငံတွေမှာ အလုပ်လုပ်နေကြပြီး တချို့က ဟိုနိုင်ငံသားအဖြစ်တောင် ခံယူလိုက်ကြတယ်။

ပါရဂူတွေအများကြီး

ဒါပေမယ့် တံခါးဖွင့်စီးပွားရေးစနစ် ကျင့်သုံးလိုက်လို့ စီးပွားရေး တစ်ရှိန်ထိုး တိုးတက်သွားတဲ့ အခါကျတော့ အဲဒီလူတွေ အများကြီး ပြန်လာကြတယ်တဲ့။ အဲဒီထဲမှာ ပါရဂူဘွဲ့ရ ပညာရှင်တွေလည်း အများကြီး ပါလာတယ်။ တချို့ဆိုရင် နိုင်ငံခြားသားပညာရှင် (expatriate) အဖြစ် တရုတ်ကုမ္ပဏီကြီးတွေမှာ လခကောင်းကောင်းနဲ့ ၀င်လုပ်ကြသတဲ့။ ဒါတော့ဟုတ်တယ်။ ရှစ်ဆယ်ခုနှစ်တွေ အတွင်းက FRC တပည့်တွေ အများကြီး အဲဒီအချိန်က တရုတ်(တိုင်ပေ)ကို ဖော်ဂွတ်ပြန်သွားကြတယ်။ အခု ဒီဘက်ပိုင်း နှစ်တွေကျတော့ သူတို့ထဲက တချို့ဟာ ပေကျင်းတို့ ရှန်ဟိုင်းတို့မှာ ပြောင်းရွှေ့နေထိုင်ကြတာ တွေ့ရတယ်။

ယုံကြည်စိတ်ချမှုအပြည့်

မန္တလေးက အငြိမ်းစား အင်ဂျင်နီယာကြီးကတော့ ပညာတတ်တွေ နိုင်ငံခြားထွက်သွားတဲ့အတွက် (၁) အတွေ့အကြုံနဲ့ ပညာအရည်အချင်း တိုးတက်တယ် (၂)မိသားစု စားဝတ်နေရေး ပြေလည်စေတယ်။ (၃)တိုင်းပြည်အတွက် လိုအပ်တဲ့ နိုင်ငံခြားငွေ ရစေတယ်။ (၄) ထွက်သွားသူတွေနေရာမှာ နောက်လူတွေ အလုပ်ရလို့ အလုပ်လက်မဲ့ လျော့နည်းစေတယ်လို့ နံပါတ်စဉ်ထိုးပြီး ထောက်ခံအားပေးသွားပါတယ်။ မြန်မာလူမျိုးတိုင်းဟာ ကိုယ့်အိုးကိုယ့်အိမ်ကို အင်မတန်ခင် တွယ်တတ်သူတွေ ဖြစ်လို့၊ တစ်နေ့နေ့ကျရင် မြန်မာပြည်ကို ပြန်မလာဘဲ မနေပါဘူးလို့လည်း သူကယုံကြည်စိတ်ချမှု အပြည့်ရှိပါတယ်။ နိုင်ငံခြားထွက်သွားတဲ့ တပည့်တွေ ရာပေါင်းများစွာနဲ့ အဆက်အသွယ် မပြတ်တာကြောင့် ဒီအချက်ကိုတော့ သဘောတူတယ်။ တစ်နေ့မှာ သူတို့အားလုံး ပြန်လာကြမယ်ဆိုတာ စိတ်ချယုံကြည်တယ်။

နယ်ပယ်ကျဉ်းလွန်းလို့

နှစ်ပေါင်းနှစ်ဆယ်ကျော် ကျောင်းဆရာ လုပ်ခဲ့ရာမှာ ကျောင်းသူ ကျောင်းသား အများစုက မြန်မာပြည်ပေါက် တရုတ်လူမျိုး ဖြစ်ကြတယ်။ တချို့ဆို တရုတ်စကားတောင် မတတ်ကြဘူး။ ဆိုရှယ်လစ် စကားလုံးတွေ လူတိုင်းရွတ်နေတဲ့ ခေတ်မှာ လုပ်ကိုင်စားစရာ နယ်ပယ်ကျဉ်းမြောင်းလွန်းလို့သာ သူတို့သွားကြတာ ဘယ်သူမှတော့ သွားချင်ကြတာ မဟုတ်ပါဘူး။ မြန်မာလူမျိုးစစ်စစ်တွေ မဆိုထားနဲ့ သူတို့လို မြန်မာပြည် ပေါက်တရုတ်တွေနဲ့ အိန္ဒိယသားတွေတောင် မြန်မာပြည်အကြောင်းပြောရင် မျက်ရည်မ၀ဲဘဲ မနေနိုင်ကြပါဘူး။ အခွင့်သာတဲ့ တစ်နေ့မှာ သူတို့ပြန်လာကြမှာပါ။

ဘာကြောင့် သေချာတာလဲ

၉၀ ရာခိုင်နှုန်းလောက်ကို ပြန်လာမှာပါလို့တောင် ပြောရဲတယ်။ ဘာကြောင့် ဒါလောက် သေချာနေရတာလဲလို့ မေးရင် မြန်မာစကား မတတ်တဲ့လူတွေတောင် ပျော်လွန်းလို့ ကုတ်နဲ့ ကော်ထုတ်တောင် မပြန်ချင်တော့တာတွေကို လက်ညှိုးထိုးပြလိုက် ချင်တယ်။ မြန်မာပြည်မွေး၊ မြန်မာပြည်မှာကြီးပြီး မြန်မာစကား တစ်မျိုးတည်းသာ ပြောတတ်သူတွေ ပြန်မလာဘဲ မနေနိုင်ပါဘူး။ ပြန်လာတဲ့အခါ တချို့ စုမိဆောင်းမိတာလေးတွေ ပိုက်ပြီး ပြန်လာကြမယ်။ တချို့က ပညာရှင်တွေ ပါရဂူတွေ ဖြစ်ပြီး ပြန်လာကြမယ်။ တချို့ ကျွမ်းကျင်လုပ်သားတွေအဖြစ် ပြန်လာကြမယ်။ လက်ချည်းသက်သက် ပြန်လာဖူးသူလည်း ရှိနိုင်ပါတယ်။

ကူးလူးယှက်နွှယ်

ဘယ်လိုနည်း ဘယ်လိုပုံစံနဲ့ပဲ ပြန်လာလာ၊ တိုင်းပြည်အတွက်ကတော့ အကျိုးရှိတာပါပဲ။ ကမ္ဘာ့နိုင်ငံပေါင်းစုံက အမျိုးမျိုးအဖုံဖုံ ပညာရပ်တွေ၊ အတွေ့အကြုံ ဗဟုသုတတွေ လုပ်နည်းလုပ်ဟန်တွေ ဖြည့်ဆည်း ရယူနိုင်ပါတယ်။ ကျွန်တော်တို့ အမြတ်တနိုး ဂုဏ်ယူဝင့်ကြွားနေရတဲ့ မြန်မာ့ယဉ်ကျေးမှု အနုပညာရပ်များဟာလည်း ယိုးဒယား၊ တရုတ်၊ အိန္ဒိယ စတဲ့ အိမ်နီးချင်းနိုင်ငံများရဲ့ ယဉ်ကျေးမှု အနုပညာတွေနဲ့ ကူးလူးယှက်နွှယ် နေခဲ့ကြတာပဲ မဟုတ်လား။ ကမ္ဘာကြီးတစ်ခုလုံးဟာ ရွာကြီးတစ်ရွာ လို ဖြစ်နေတဲ့ ဒီခေတ်ဒီအခါမှာ ကျွန်တော်တို့ချည်း သက်သက် တံခါးပိတ်နေလို့ မဖြစ်ပါဘူး။ တံခါးတွေ ဖွင့်ထားမှ အခန်းထဲက လေဆိုးလေပုပ်တွေ လွင့်စင်ထွက်သွားပြီး ပြင်ပကလေကောင်းလေသန့်တွေ ၀င်ရောက်လာမှာ ဖြစ်ပါတယ်။
ဆောင်းပါးရှင်-ဦးစိန်ဝင်း
source: eleven media group

ဟာသ

မှူကြိုကျောင်းတခုမှ..ခလေးငယ်လေးတွေကိုပုံဆွဲခိုင်းတော့ ...
ကို ယ့် ဆွဲချင်တာဆွဲပြီလာပြဟေး
အယောက်40လောက်ရှိတဲ့ ခလေးတွေကြားမှာခလေးငယ်လေးတယောက်ကထူးထူးဆန်းဆန်းပေါ့ ဗျာ
အသဲပုံမှာခြေထောက်ကလေးနဲ့ ပါလာတော့ ထူးဆန်းတယ်ပေါ့ 
ဆရာမကခေါ်မေးလိုက်ပါတယ်...ဒီပုံလေးဆွဲတဲ့ ခလေးလေးလာပါအုံးကွယ်တော်လိုက်တာဘာလို့ ဒီလိုဆွဲတာလည်းဆရာမကိုဟြေပြပါလားကွယ်..ဘာလို့ အသဲမှာခြေထောက်လေးကကားနေရတာလည်းလို့ 
ဟုတ်ကဲ့ ဆရာမ..ညညဆိုဖေဖေကမေမေ့ ကိုအသဲလေးရေခြေထောက်နည်း2ကားပါအုံးလို့ ဟြေလို့ ပါ

(လက်ထပ်လျင်)
ားအမျိုးသမီးနှစ်ယောက် တစ်နေ့လက်ထပ်ရင် ဘယ်လိုယောင်္ကျားမျိုးကိုရှာပြီး
လက်ထပ်ရမည့် အကြောင်းပြောနေကြသ
ည်။
ပထမမိန်းမ။ ။ငါယူတဲ့ယောင်္ကျားကချမ်းသာတဲ့သြူ
ဖစ်ရမယ်။သဘောကောင်းတဲ့သူဖြစ်ရမယ်။ရုပ်ချောတဲ့သူဖြစ်ရမယ်။
ဒုတိယမိန်းမ။ ။အို..........ဒါဆို နင်ကယောင်္ကျား ၃ ယောက်တောင်ယူမှာလား
(ကြိုက်နေလို့ပါ)
ဒီအမျိုးသမီးကို ခင်များ ဘာလို့အဓမ္မ ကျင့်ရတာလဲ" တရားခံကို
တရားသူကြီးကမေးသည်..။
"သူ့ကို ကျနော်ကြိုက်လို့ပါ"ဟုတရားခံက မျက်လုံးနှစ်ဖက် ကို
လက်နှင့်ပိတ်ရင်းပြန်ဖြေသည်..။
"ဒီယောက်ျားကိုရော ဘာဖြစ်လို့အဓမ္မ ကျင့်ရပြန်တာလဲ
"ဟုတရားသူကြီးကထပ်မေးသည်..။
"သူ့ကိုကျနော်ကြိုက်လို့ပါ "ဟုတရားခံကမျက်လုံးနှစ်လုံးကို
လက်ဝါးဖြင့်ပိတ်ရင်းပြန်ဖြေသည်။
'ဒါနဲ့နေပါအုံး ခင်များဘာဖြစ်လို့ မျက်လုံးကိုလက်နှစ်ဖက်နဲ့
ပိတ်ပြီးဖြေနေရတာတုန်း "
"တရားသူကြီးမင်းကိုလည်းကျနော်ကြိုက်နေလို့ပါ..။"
(လက်တည့်လာလို့ပါ)
လင်မယားနှစ်ဦးကွာရှင်းပြတ်ဆဲမည်ဟု ရုံးတော်သို့ရောက်လာသည်။
ယောင်္ကျားဖြစ်သူက...ဒီမိန်းမအားကွာရှင်းချင်ပါတယ်...
တရားသူကြီးက.....သီးမခံနိုင်အောင်ဘာကြောင့်များလဲ
ယောင်္ကျားဖြစ်သူက...ဒီမိန်းမနဲ့လက်ထပ်ပြီးတဲ့နှစ်၂၀လုံးလုံးမှာ
သူစိတ်တိုင်းမကျရင်တွေတဲ့အရာနဲ့ကောက်ကောက်ပေါက်ပါတယ်။ဒါကြောင့်သီးမခံနိုင်တာပါ။
တရားသူကြီးက....နှစ်၂၀လုံးသီးခံပြီးမှဘာလို့ရုံးတော်ကိုလာတိုင်ရတာလဲ။
ယောင်္ကျားဖြစ်သူက...ဒီမိန်းမရဲ့လက်ကအခုမှပိုပြီးလက်တည့်လာလို့ပါ...
(မှီနိင်သေးတယ်)
အမျိုးသမီး၏နောက်သို့လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။
``ဒိမှာခင်ဗျာ၊ ဒိမှာခင်ဗျာ´´
အမျိုးသမီး ပြန်လှည့်ကြည့်ပြီး မေးသည်။
``ကျွန်မကိုခေါ်တာလား ဘာကိစ္စလဲ´´
``ဘတ်စ်ကားပေါ်မှာ ထီးမေ့ကျန်ခဲ့တာ ခင်ဗျားလား´´
အမျိုးသမီးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
``ဟုတ်ပါရဲ့ ကျွန်မ ထီးမေ့ကျန်ခဲ့တယ်´´
``အဲဒါဆိုမြန်မြန်ပြေးလိုက်၊ကားကအခုမှ စထွက်ကာစပဲရှိသေးတယ်။´´
မြဲမြဲကိုင်
စိတ်ရောဂါကုဆေးရုံကို ပြန်လည်ပြင်ဆင် မွမ်းမံနေသည်။
ဆေးသုတ်သမားသည် နံရံကို ဆေးသုတ်နေသည်။
လူနာတစ်ယောက်ရောက်လာကာ ၄င်းကိုမေးသည်။
“ ခင်ဗျား ဆေးသုတ်တံကို သေသေချာချာ ကိုင်ထားရဲ့လား”
“ ကိုင်ထားပါတယ်”
“ ဒီလိုဆိုရင် လှေခါးကို ဖြုတ်လိုက်တော့မယ်နော်”
ဈေးလျှော့ ပါ
ဖိနပ်ဆိုင်တွင် ကိုချူချာ ဖိနပ်စီးကြည့်နေသည် ၊
အရောင်းသမ ကို မေးသည်။
“ဈေးဘယ်လောက်လဲ ”
“၄၀ ပါ”
“၃၀ ပဲထားပါဗျာ ၊ နှစ်ဖက် စလုံးယူသွားမယ်
ဘာကောင်လဲ
“ချာတိတ် . . မင်း ဘာဖြစ်လို့ ငိုနေရတာလဲကွ”
“ မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ပြောတယ် ။ ဖေဖေက မေမေ့ကို ကြက်မကြီးလို့
ပြန်ပြောတယ်”
“ အဲ့ဒါနဲ့ ငိုရရောလား ကလေးရဲ့”
“ စဉ်းစားကြည့်လေ . . ကျွန်တော်က ဘာကောင်ဖြစ်မလဲ”
*ချိုသာစွာပြောပါ*
လေယာဉ်တစ်စီး … စက်ချို့ယွင်း နေတော့ ခရီးသည်တွေ အားလုံး
စိုးရိမ်ပူပန်နေကြပြီ
..။
အားလုံးက ဘုရားတလို့ … အဲဒါကို Pilot က လေယာဉ်မယ်ကို …
ခရီးသည်တွေကို အားပေးစကားပြောဖို့ လွှတ်လိုက်တဲ့ အခါ … လေယာဉ်မယ်က
ချိုချဉ်ဗန်းလေး
ကိုင်လို့ အပြင်ထွက်သွားပြီး …. ” ကဲ … ခရီးသည်များရှင် … မသေခင်လေး
… အချိုတည်း ကြရအောင် … ” တဲ့ …
*မေမေကူပါ *
ပီတာလေး ကန်လိုက်သော ဘောလုံး အိမ်နီးချင်း ပြတင်းပေါက်ကို
ထိမှန်ပြီး ကွဲသွားသည် ။
အမေဖြစ်သူက ပီတာလေးကို ခြောက်လှန်.သည် ။
" မင်း အဖေ မှန်အသစ် မယူလာမလာမချင်း ပေါက်နေတဲ့ နေရာကို မင်းရဲ့
ဖင်ပြောင်ကြီးနဲ့
ပိတ်ပေးထားရမှာပဲ ၊ နားလည်လား ။"
ပီတာလေး မျက်ရည်များကြားက ပြောသည် ။
* "ကျနော် ထမင်းစားတဲ့ ချိန်မှာ ကျနော့် အစား မေမေ ကူပိတ်ပေးနော် ။*