twitter
    Find out what I'm doing, Follow Me :)

20.2.11

unblock websites with ssh


openyourdoor.co.cc မှာ your-freedom နဲ့ openvpn ကိုသုံးပြီး Block လုပ်ထားတဲ့ Website တွေနဲ့
VoIP application တွေကို ဘယ်လိုဝင်ရတယ်ဆိုတာ ပြီးခဲ့တဲ့ Post တစ်ခုမှာ ကျွန်တော်ရေးပေးခဲ့ပါတယ်။
yf က free account ရှိတယ်ဆိုပေမယ့် bandwidth ကအရမ်းနည်းလွန်းပါတယ်။ Basic account လောက်ဝယ်သုံးမှသာ download ဆွဲရတာတွေအဆင်ပြေမှာပါ။
openvpn ကတော့ free service မရှိပါဖူး။ အနည်းဆုံးတစ်လကို $5 ကနေ $25 လောက်ပေးမှ openvpn server ကို access လုပ်နိုင်မှာပါ။
yf က jvm ကိုသုံးပြီး၊ openvpn ကတော့ admin right ရှိမှအသုံးပြုနိုင်တာကြောင့် portable မဖြစ်ဖူးလို့ပြောနိုင်ပါတယ်။ ဆိုင်မှာသုံးနေတဲ့သူတွေ သိပ်ပြီးအဆင်ပြေလှမှာ မဟုတ်ပါဖူး။

ခု post မှာ portable လည်းဖြစ်၊ ပြီးတော့ free access လည်းရနိုင်မယ့် နည်းလမ်းတစ်ခုကို ကျွန်တော်ပြောပြပါမယ်။
သိပြီးသားလူတွေအတွက် စိတ်ဝင်စားစရာကောင်းလှမှာမဟုတ်ပါဖူး။ ဒါပေမယ့် မသိသေးတဲ့သူတွေအတွက်တော့ အလွန်ပဲစိတ်ဝင်စားစရာကောင်းပါတယ်။ ssh tunnel ကိုသုံးပြီး sock proxy ကနေ block လုပ်ထားတဲ့ website တွေကို ဝင်ကြည့်ကြမှာဆိုတော့ မသိသေးသူတွေအတွက် တစ်မူထူးဆန်းနေပါလိမ့်မယ်။ ဒီမှာသိပ်သုံးကြတာလည်း မတွေ့မိသေးပါဖူး။
ssh အ​ကြောင်းလည်းမ​ပြောတော့ဖူး၊ sock proxy အကြောင်းလည်း အကျယ်တဝင့် မရှင်းပြတော့ပါဖူး။ ဒီက ညီအစ်ကိုတွေသိချင်နေတာ ဘယ်လိုကျော်မလဲဆိုတာပဲမလား?

အရင်ဆုံး http://www.cjb.net မှာ account တစ်ခုကို signup လုပ်လိုက်ပါ။ username, email-id, password ဖြည့်ပြီး shell ကိုတော့ bash မှာပဲထားလိုက်ပါ။ signup လုပ်တဲ့ email ကို activation email ဝင်လာပါလိမ့်မယ်။ link အတိုင်း follow လုပ်ပြီး account ကို activate လုပ်လိုက်ပါ။

ပြီးရင်တော့ Putty ကိုသွားပြီး download လုပ်လိုက်ပါ။ ပြီးရင် Putty.exe ကို double click နှိပ်ပြီး run လိုက်ပါ။ ပထမဆုံး Configuration Dialog Box ပွင့်လာပါလိမ့်မယ်။ Host မှာ shell.cjb.net ၊ Port 443 ၊ Connection Type ကို ssh ရွေးလိုက်ပါ။


ပြီးရင် SSH > Tunnels မှာ Source port ကို 1455 (1024 နောက်ပိုင်း ကြိုက်ရာ port တစ်ခု)၊ Dynamic ကို​ရွေးပြီး Add button ကိုနှိပ်လိုက်ပါ။


အောက်မှာရှိတဲ့ Open button ကိုနှိပ်လိုက်ရင်putty command prompt တစ်ခုတက်လာမှာပါ။ Login username နဲ့ Password ကိုမေးပါလိမ့်မယ်။ ခုနက account ဖွင့်ခဲ့တဲ့ Username နဲ့ Password ကို ရိုက်ထည့်ပေးလိုက်ပါ။ shell access ရပြီဆိုရင်တော့ mozilla firefox ကိုဖွင့်ပြီး network ကို configure လုပ်ကြရအောင်။
Options > Advanced tab >> Network > Setting ကိုသွား၊ socks ကို 127.0.0.1 ၊ port ကိုတော့ 1455 (SSH Tunnels မှာပေးထားခဲ့တဲ့ port ပါ)။
undefined

Mozilla ကို configure လုပ်ပြီးရင်တော့ block လုပ်ထားတဲ့ websites တွေကို access လုပ်နိုင်ပါပြီ။ Putty.exe ကို memory stick ထဲဆောင်သွားပြီး သွားလေရာမှာ portable အနေနဲ့ အလွယ်တကူအသုံးပြုနိုင်မှာပါ။

undefined

အသင့်ရဲ့ comment တစ်ချက်ဟာ စာရေးသူအတွက်တော့ အားဆေးတစ်ခွက်ဖြစ်တယ်ဆိုတာ မမေ့နဲ့နော်....

No comments:

Post a Comment