twitter
    Find out what I'm doing, Follow Me :)

9.9.09

ဒါကြောင့်ကိုး

ဖစ်စဉ် – GTC ကျောင်းမှာ အလွန်သိပ်ချစ်တဲ့ ကောင်မလေး နဲ့ ကောင်လေး အတွဲတစ်တွဲရှိတယ် . အဲဒီကောင်လေးနဲ့ကောင်မလေး ဟာ အရမ်းချစ်ခဲ့တယ်လိုသိရပါတယ် ။ တစ်နေကောင်လေးမှာ ဆေးစွဲတယ် ။ ဒါကို
ကောင်မလေးက သိတော့ ဆေးကို ဖျက်ဖို့ပြောတယ် ။ကောင်လေး ကသူစကားနားထောင် မယ်လိုပြော တယ် ။ ဒါဘင်မဲ့အကြိမ်ကြိမ်ပြောခဲ့ဘင်မဲ့ မရ ဘူး ဖြစ်နေတယ်တဲ့ ။ တစ်နေ့သူမ က ကောင်းလေးကို မေးတယ် “နင် ဆေးကို
ဖျက်မှာလား ။ ငါ့ကို ဖျက်မှာလား” လိုမေးတော့ ကောင်လေးက “ငါ နင်စကားကို နားထောင် မယ် ငါ ဆေးဖျက်ပါမယ် ” လို ပြန်ပြောခဲ့ကြောင်းသိရတယ်။ ဒါဘင်မဲ့ကောင်လေး က ဆေးမဖျက်နိုင်ခဲ့ရှာဘူး ။ဒါကြောင်ကောင်မလေး က ကောင်လေးကိုဖျက်ပြီတော့ နောက်တစ်ယောက်နဲ့တွဲသွားခဲ့တယ်။ ဒါကို အရင်ကောင်လေက သိတော့ ကောင်မလေး ကို လာပြောတယ် ။ နင် အခုတွဲနေတဲ့ကောင်ကို ဖျက်ပါ .. ကောင်မလေးက မဖျက်နိုင် ကြောင်း နင် က နင့်အကျင်ကို မပြင်လို့ တွဲခဲကြောင်ပြောကြတယ် ဒီလို နဲ့ ဆွေးနွေ ရင် ကောင်လေး က ကောင်မလေးကို ပြောမရတဲ့အဆုံး ဓါးနဲထိုးသတ်ခဲ့တယ် ။ ပြီတော့ အလောင်းကို လုံခြုံတဲ့နေရာမှာ ဖွက်ထား တယ်တဲ့ ။ ဒါဘင်မဲ့
ဖြစ်ချင်တော့ အဲဒီနေ့မှာ (ကောင်မလေးနဲ့တွေ့တဲ့နေမှာ အဖြုရောင်အကျီင်္ကို ၀တ်သွားခဲ့မိလို) ကောင်လေး က ကောင်မလေး ကို သတ်တုံ့း ကောင်မလေးရဲ့သွေးတွေ ကောင်လေ အင်္ကျီ အဖြုပေါ်ကို စွန်းခဲ့တယ်တဲ ။ ဒီလိုနဲ့ ကောင်လေက ဘယ်သူမှ မသိအောင် အလောင်းကို ဖွက်ပြီတော့ အိမ်ပြန်ခဲ့တယ် အဲဒီအကျီင်္ကိုလဲ သေချာ သိမ်းပြီ အိမ်ပါလာတယ်လိုသိရတယ် ။ အဲဒီကောင်လေးက ဘယ်သူမ မသိအောင် အကျီင်္ကို ဗီယိုထဲမှာ ထည့်သိမ်းထားလိုက်တယ်တဲ့ …..
ညကောင်လေး က စိတ်မောမောနဲ့အိပ်တော့ ကောင်မလေးက အိမ်မက်လာပေးတယ်လိုသိရတယ်။ အိမ်မက်လာပေးတဲ့ပုံက ကောင်မလေး ၊၊ ၊၊ ငါနင့်ကို အရမ်းချစ်ခဲ့တယ် ။ဒါကြောင့် ငါနင်ကို ဒုတ်ခ ရောက်အောင်မလုပ်ချင်ဘူး ဒါကြောင့် အဲဒီနေ့က နင်ဝတ်ခဲ့တဲ့ အကျီင်္ အဖြု မှာ စွန်းနေတဲ့ ငါ့သွေးကို နင် ပြောင်အောင် လျှော်ပါ ။ တကယ်လို မပြောင်ဘူးဆိုရင် နင် ဒုတ်ခရောက်လိမ့်မယ် ။ ကောင်လေးဟာ အိမ်မက်ကနေလန့်နိုးလာပြီတော့ ဗီယိုထဲက အကျီင်္ကို ထုတ်ပြီတော့ ပြောင်အောင်လျှော်တယ်တဲ့ ဆပ်ပြာမှုန်များများ ရေနွေးစိမ်ပြီတော့ အကြိမ်ကြိမ် လျှော် ပါလေ ရော ဒါဘင်မဲ့မပြောင်ခဲကြောင်းသိ၇တယ် ။ ဘယ်လိုဘဲလျှော်လျှော် အဲဒီ အဖြုရောင် အင်္ကျီမှာ စွန်းနေတဲ့ သွေးကို ဘယ်လိုမ ဖျက်လိုမရဖြစ်နေတယ်တဲ့ ကောင်လေးတော်တော်ကို စိတ်ညစ် ပြီ ပူထူပါလေရော ဒါနဲ့ အင်္ကျီကို ဗီယိုထဲမှန်ပြန်ဝှက်ထားခဲ့တယ်ပြောတယ် ။ နောက်တစ်နေည ကြတော့ကောင်မလေးအိမ်မက်လာပေး ပြန်တယ်တဲ့ ပြောင်အောင်လျှော်ဖို ရယ် အချိန်သိပ်မကျန်တော့တဲ့အကြောင်း ။တကယ်လို အဲဒီအကျီကို ပြောင်အောင်မလျှော်နိုင်ရင် သက်သေခံဖြစ်သွားမဲ့အကြောင်းပြောသွားတယ်တဲ့ ။ အဲလိုနဲ့ မနက်မိုးလင်တော့ မနက်တိုင်း ဆွမ်းခံကြွတဲ့ ကိုယ်တော်(တန်ခိုကြီးတဲ့ ကိုယ်တော်တပါးလို့သိရပါတယ်။) ကြွလာတော့ ကိုယ်တော် ကအဲကောင်လေး ကို ခေါ်ပြီတော့ ပြောတယ်တဲ့ “တကာကြီးဆီမှာ သက်သေခံ ပစ္စည်းတစ်ခုရှိတယ်မလား တဲ့ အဲဒီပစွည်း ကြောင် တကာ ကြီး ဒုတ်ခ ရောက်လိမ့်မယ် “လိုပြောသွားရော ။ ဒါနဲ့ကောင်လေး က အရမ်းလန့်သွားပြီ အဲဒီအ၀တ်ကိုထပ်သွားရော်တယ်တဲ့ .. မပြောင်ဘူးဘဲဖြစ်ဖြစ်နေတယ် ။
နောက်ဆုံ မရတော့ ဗီယိုထဲပြန်ထားပြီ အနားယူတယ် တဲ ညရောက်တော့ ကောင်လေး အိမ်မက်ထဲကို ကောင်မလေး ရောက်လာတယ် “ဘယ်လိုလဲ နင်ကိုချစ်လွန်းလိုနင် ဒုတ်ခမရောက်အောင် ငါကိုသတ်တဲ့သူကို
ကူညီနေဒါ နင် ပြောင်အောင်လျှော်နိုင်ရဲ့လား” လို မေးတယ်တဲ ကောင်လေးက မလျှော်နိုင်ကြောင်း ထပ်ပြောတော့ ။ ကောင်မလေး က ပြန်ပြောတယ် “နင် က ဘယ်လိုလုပ် ပြောင်အောင် လျှော်နိုင်မှာလဲ Oki ဆပ်ပြာမှုန့် နဲ့ မှ
မလျှော်ဒါ” လို ပြောတယ်တှဲ့

nunge.co.cc ကဟာကိုကြိုက်လို့ကူးချထားတာပါ။

No comments:

Post a Comment