မသိသေးဘူး
ပင်လယ်ကမ်းစပ် အနားယူ စခန်းသို့ရောက်လာသော လူငယ်က လူတစ်ဦးကိုမေးသည် ။
"ဒီနားမှာ အိမ်သာ ရှိသလားခင်ဗျာ "
"မသိဘူးဗျ ၊ ကျွန်တော်လည်း ဒီကိုရောက်တာ အခုမှ (၄) ရက်ပဲရှိသေးတယ် "
လျစ်လျူ ရှု. .
ဆေးခန်းထဲသို့လူတစ်ယောက်ဝင်လာသည် ။
"ဒေါက်တာ....ကျွန်တော့်ကို လူတကာကလျစ်လျူ ရှုနေကြတယ် ခင်ဗျ "
"နောက်တစ်ယောက်
ပန်းခြံ တစ်ခု အတွင်းမှ ခုံတန်း တစ်ခုတွင် သမီးရည်းစား စုံတွဲ တစ်တွဲ ထိုင်နေကြသည်။ ခုံတန်း တစ်ဖက်အစွန်းတွင်လည်း အဘိုးအိုတစ်ဦး စာအုပ်ဖတ်နေလေသည်။ သမီးရည်းစား စုံတွဲ တွတ်တီး တွတ်တာပြောသမျှကို အဘိုးကြီး အတိုင်းသားကြားနေရသည်။
" မောင်..ခေါင်းနည်းနည်း မူးလာတယ်.."
ကောင်လေးက နဖူးလေးကို နမ်းလိုက်ပြီး.. ' မူးသေးလားဟင်..'
" ဟင့် အင်း..ပျောက်သွားပြီ..'
အတန်ကြာသောအခါ မိန်းကလေးက ..' မောင်..ဇတ်ကြောတွေ တက်လာသလိုပဲ..'
ကောင်လေးက လည်တိုင်လေးကို ခပ်ဖွဖွ နမ်းလိုက်ပြီး..' ဘယ်လိုနေသေးလဲ .. '
' အင်း..သက်သာသွားပြီ.'
ခဏကြာသော်..' မောင်..လက်တွေက ဘယ်လိုဖြစ်တယ်မသိဘူး...တဆစ်ဆစ်နဲ့ ..'
ကောင်လေးက ဘယ်ညာ အစုံကို တယုတယ နမ်းပေးလိုက်ပြန်သည် ။ တစ်ဖက်တွင် ထိုင်နေသော အဘိုးကြီး အတော်ကို နားကြားပြင်းကတ်လာပြီး.." ဟေ့..ဒီမှာ မောင်ရင်..ဖြစ်နိုင်ရင်..ဦးကိုလည်း ကူညီစမ်းပါဦးကွ...ဒီမှာ လိပ်ခေါင်းဖြစ်နေလို့ .." တဲ့ ..
ဆရာ။ ။ “မင်းလုပ်သမျှ အကုန်အမှားချည်းပဲ။ ဒီပုံအတိုင်းသာဆိုရင်
ကျောင်းပြီးရင် မင်းဘာလုပ်စားမှာလဲ။”
တပည့်။ ။ “စိတ်မပူပါနဲ့ ဆရာ။ ကျွန်တော် မိုးလေဝသ သတင်း ကြေငြာတဲ့သူ လုပ်မှာပါ။”
ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့အစည်းအဝေးမှာ ကုမ္ပဏီ ဥက္ကဌက ထပြီး စကားပြောပါတယ်။
“ငါ့ရဲ့ အတွင်းရေးမှူးမနဲ့ ရှုပ်နေတဲ့သူ ဘယ်သူ ရှိသလဲ။”
အားလုံးငြိမ်နေကြပါတယ်။ အဲဒီတော့ ဥက္ကဌက နောက်တစ်ခွန်း ထပ်မေးပါတယ်။
“ကောင်းပြီ။ ဒီလို ထားလိုက်။ ငါ့ရဲ့ အတွင်းရေးမှူးမနဲ့ မရှုပ်တဲ့သူ ဘယ်သူ ရှိသလဲ။”
ဒီတစ်ခါလည်း အားလုံး ငြိမ်နေကြ ပြန်ပါတယ်။ အချိန်အတော်လေး ကြာမှ
တစ်ယောက်က ထပြောပါတယ်။
“ကျွန်တော် ရှိပါတယ်။”
ဥက္ကဌက ပြန်ပြောပါတယ်။
“ကောင်းပြီ။ မင်းသူ့ကို အလုပ်ဖြုတ်လိုက်။
အဖြစ်ဆိုးတဲ့သူခိုး
စခန်းမှူးးမင်းကိုဘယ်အိမ်ကနေမိတာလဲ။
သူခိုးးကျွန်တော့်အိမ်ကနေကျွန်တော့်ကိုပြန်ဖမ်းမိတာပါ။
စခန်းမှူးးဟ၊ ဘယ်လိုဖြစ်လို့တုန်း။
သူခိုးးဒီလိုပါဆရာ၊ ကျွန်တော့်အိမ်မှာကျွန်တော်ပစ္စည်းခိုးထွက်ဖို့အတွက် ပြင်ဆင်နေတုန်း ဘယ်ကမှန်းမသိတဲ့
အမူးသမားတစ်ယောက်က အိမ်ထဲကိုဝင်လာပြီး ကျွန်တော့်ကိုလည်းမြင်ရော ”သူခိုးဗျို့၊သူခိုး”လို့အော်လို့
ကျွန်တော်ဒီကိုရောက်လာတာပါ ဆရာရယ်။
တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစည်းကြိုး hair bands များ အကြောင်း။ .
ဈေးကွက်တွေမှာ ဈေးပေါပေါနဲ့  ရောင်းချနေတဲ့ တရုတ်နိုင်ငံထုတ် စားသောက်ကုန်များ၊ ဆေးဝါးများသာမက လူသုံးကုန် အသုံးအဆောင်ပစ္စည်းတွေကိုပါ သတိထား သုံးစွဲရမယ့် အခြေအနေတွေ ရှိပါတယ်။
ဈေးပေါတယ်၊ သက်သာတယ်၊ သုံးရတာ လွယ်ကူအဆင်ပြေတယ်ဆိုတာလောက်ကို ကြည့်ပြီး ဘေးအန္တရယ်ကျရောက်နိုင်တာ သုံးစွဲရ သင့်တော် မသင့်တော်ကိုပါ ထည့်တွက် စဉ်းစားပြီးမှ ၀ယ်ယူသုံးစွဲ သင့်ပါတယ်။ ဘေးဒုက္ခရောက်မှသာ မရှူနိုင် မကယ်နိုင်ဖြစ်ပြီး အချိန်လွန် ဆုံးရှုံးရတာတွေ မဖြစ်စေချင်ပါ။
ငွေကြေးအမြတ်အကျိုးစီးပွားကိုသာ ကြည့်ပြီး ဘယ်သူတေတ ငတေမာရင်ပြီးရောဆိုတဲ့ ထုတ်လုပ်ရောင်းချကြတဲ့ ၀ိသမလောဘသားများကြောင့်ရော၊ မိမိကိုယ်ကျိုးစီးပွားရေး တိုးတက်ဖို့ သာ ကြည့်ပြီး ဖြန့် ချီရောင်းချကြတဲ့ အတ္တသမား စီးပွားရေးရှင်ကြီးများကြောင့်ရော၊ လာဘ်လာဘယူပြီး ပေါ့ပေါ့ဆဆနဲ့  ဖြစ်ချင်ရာဖြစ်ဆိုပြီး ခွင့်ပြုပေးကြတဲ့ မသမာသူများကြောင့်ရော ပထမဦးဆုံး ခံကြရတဲ့သူတွေကတော့ ၀ယ်ယူစားသောက် သုံးစွဲကြတဲ့ ပြည်သူများသာ ဖြစ်ပါတယ်။
ယခုဖေါ်ပြတဲ့ ဆံပင်ခေါင်းစည်းကြိုးက တရုတ်ပြည်ကနေ ထုတ်လုပ်တာပါ။ ဒီ ဆံပင်ခေါင်းစည်းကြိုးဟာ ဈေးပေါပေါနဲ့ ရောင်းချသလို ၀ယ်ယူသုံးစွဲကြသူ အမျိုးသမီးထုဟာလည်း အရောင်အသွေးလှလှပပနဲ့ မို့  ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် ဒီဆံပင်ခေါင်းစည်းကြိုးကို သေသေချာချာ သတိပြုမိသူကတော့ အတော့်ကို ရှားပါလိမ့်မယ်။
ဒီဆံပင်ခေါင်းစည်းကြိုးတွေကို အရောင်လှလှ ချည်မျှင်လေးတွေနဲ့  ပတ်ထားတာကို ဖြေကြည့်လိုက်တဲ့အခါမှာ အတွင်းမှာ ကွန်ဒုံ (Comdom) တွေကို ထည့်သွင်းထားတာ တွေ့ ရပါတယ်။
ဘယ်လောက်အန္တရာယ်ကြီးမားလှလည်းဆိုတာ တွက်ဆကြည့်ပါ။ ဒီ ဆံပင်စည်းကြိုးထဲမှာ သုံးတဲ့ ကွန်ဒုံတွေဟာ အသစ်စက်စက်တွေ မဟုတ်ဖူးလို့  သိရပါတယ်။ သုံးစွဲပြီးသား ကွန်ဒုံတွေဖြစ်လို့  ရောဂါပိုးတွေ ကပ်တွယ်နေနိုင်ပါတယ်။ ကိုယ်ခံစွမ်းအား ကျဆင်းစေတဲ့ အေအိုင်ဒီအက်စ်ရောဂါလို အခြားသော လိင်ပိုင်းဆိုင်ရာရောဂါတွေ ကူးစက်နိုင်ပါတယ်။တစ်ခါတစ်ရံကြရင် အမျိုးသမီးတွေဟာ ဒီဆံပင်စည်းကြိုးကို သုံးစွဲတဲ့နေရာမှာ ဆံပင်စည်းနေတုန်း လက်နှစ်ဘက်မအားတဲ့အခါမှာ ဒီဆံပင်စည်းကြိုးလေးတွေကို ပါးစပ်မှာ ခဏကိုက်ထားကြတာမျိုးလုပ်လေ့ရှိပါတယ်။ ဈေးပေါပေါနဲ့  ရတဲ့ပစ္စည်းတစ်ခုကြောင့် အင်မတန်တန်ဖိုးကြီးလှတဲ့ မိမိဘ၀အသက် ထိခိုက်မှာကို တွေးမိရင်တော့ဗျာ။
ကျွန်တော်တို့  မြန်မာပြည်မှာ ဒီလို ဆံပင်ခေါင်းစည်းကြိုးလေးတွေ တရုတ်ပြည်ကနေ ဘယ်လောက်များများရောက်နေလို့  သုံးစွဲထားကြပြီလည်း မပြောတတ်တော့ပါဖူး။ ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေနဲ့  ထုတ်ကုန်ပစ္စည်းများ စားသောက်ကုန်ပစ္စည်းများကို စေ့စပ်သေချာစွာ စစ်ဆေးလေ့မရှိကြတဲ့ ရောင်းချခွင့်ပြုကြတဲ့ သက်ဆိုင်ရာများကိုသာ ပထမဦးဆုံး တာဝန်ရှိသူများလို့  ပြောကြားရပါလိမ့်မယ်။ ရောဂါကူးစက် သေကြေပျက်စီးကြမှသာ ကမန်းကတန်းနဲ့  စစ်ဆေးမှုတွေလုပ်ပြ၊ ပိတ်ပင်တားဆီးမှုတွေ လုပ်ပြနဲ့  အမြင်ကောင်းအောင် အကြားကောင်းအောင် လုပ်ပြနေတတ်တဲ့ နအဖ ကျန်းမာရေးဝန်ကြီးတို့ လို တာဝန်မဲ့သူတွေကိုတော့ လိမ်ညာနေတဲ့ သတင်းစာတွေထဲမှာ တွေ့ ရလို့  အော့နှလုံးနာမိပါတယ်။ သတင်းအမှန် မထုတ်တတ်တဲ့ နအဖပြန်ကြားရေးဝန်ကြီးလည်း လိမ်ညာတတ်လွန်းလို့  နောင်ဘ၀မှာ ပါးစပ်မပါသော သတ္တ၀ါဖြစ်မှာ မြင်ယောင်ပါသေးတယ်။
ကျောင်းသူတစ်ယောက်ရဲ့ ပေးစာ
သို့ ... ဖေဖေနှင့် မေမေ
ကျောင်းစဖွင့်ကတည်းက မအားတော့တာနဲ့ မေမေ ဖေဖေတို့ ဆီကို စာမရေးဖြစ်တော့ဘူးနော်။
အခုမှပဲ ဖြစ်ဖြစ်သမျှ အကြောင်းတွေကို အားရပါးရ ပြောပြရတော့မယ်။
ဒီစာဖတ်ပြီး တော့လဲ စိတ်ပူမနေကြနဲ့ ဦး။
ဖြစ်ပုံကဒီလို…
ဘာမှတော့ စိုးရိမ်စရာမဟုတ်ပါဘူး။ ပြီခဲ့တဲ့ တစ်ပတ်လောက်ကတော့
ပါတီတစ်ခုကို သွားပြီး အပြန်မှာ ခေါင်းတွေ သွက်သွက်ခါလောက်အောင်ကို
မူးခဲ့တယ်။
ဒါကလည်း ဆေးမှားသောက်မိလို့ ပါ။ အဲဒီဆေးကလဲ ပါတီမှာတွေ့ တဲ့
ကောင်လေးတစ်ယောက်က သမီးကို စမ်းသောက်ကြည့်ဖို့ ပေးတာလေ။
ဒါပေမယ့် အဲဒီနေ့ က အဖြစ်အပျက်တွေကိုတော့ ပြန်ပြောပြလို့ ရလောက်အောင်
သိပ်ပြီး မမှတ်မိချင်တော့ဘူး။
သမီးရဲ့ အဝတ်အစားတွေ အကုန်လုံးကိုတော့ နောက်နေ့ မနက် ပြန်ရှာတွေ့ ပါတယ်။
အဲဒီအတွက်တော့ ဘာမှ စိတ်ပူစရာမလိုပါဘူး။
ဆေးရုံရောက်မသွားတာပဲ တော်သေးတယ် ပြောရမယ်လေ။ အခုတော့ တစ်နေ့ 
သုံးကြိမ်လောက် ခေါင်းတအား ထိုးထိုးကိုက်တာက လွဲလို့ 
ဘာမှမဖြစ်တော့ပါဘူး။
ကျောင်းတက်ခါစက အဆောင်မှာ နေတာဆိုတော့ ဆူဆူညံညံ အသံတွေကြောင့် မလွတ်လပ်ဘူးပေါ့။
အခုတော့ ကောင်လေးတစ်ယောက်နဲ့  လိုက်နေတာ အားလုံး အဆင်ပြေပါတယ်။ သူက
သမီးတို့ ကျောင်းနားက ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်တယ်လေ။
သူကသမီးအပေါ်မှာ ကောင်းရှာပါတယ်။ အခုလဲ သူကလက်ထပ်မယ်တဲ့လေ။ ဘယ်နေ
့ဘယ်ရက်လို့ တော့ မရွေးရသေးပါဘူး။
ဒါပေမယ့် သမီးကတော့ သိပ်ကြာကြာ မစောင့်ချင်တော့ဘူး။ ဗိုက်ကလဲ တနေ
့ထက်တနေ့  ပိုပိုပူပူ လာနေပြီ။
ဖေဖေနဲ့  မေမေတို့ ရေ… ဖေဖေတို့ ရဲ့ သမီးက ကလေးအမေဖြစ်တော့မှာ။ အားလုံး
အဆင်ပြေပါတယ်။ တခါတခါတော့ ခေါင်းထဲမူးတူးတူး ရှိတာပေါ့။
ဒါပေမယ်လဲ ဒါက အနာတွေပေါက်နေလို့  ဆေးသောက်နေရလို့ ဖြစ်တာပါ။ အနာတွေက
အာဘ်ဒူဆီက ကူးတာလေ။ ဒါလဲ သူ့ အပြစ်တော့ မဟုတ်ပါဘူး။ အမှန်က
သမီးကိုယ်တိုင် စောစောထဲက ဆင်ခြင်ခဲ့ဖို့ ကောင်းတာပါ။
အာဘ်ဒူကိုတော့ ဖေဖေ မေမေတို့ လက်ခံရလိမ့်မယ်။ သူက ဘာပညာမှတော့ မတတ်ပါဘူး။
ဒါပေမယ့် အရမ်း ရည်ရွယ်ချက်ကြီးတာ။
အခုလဲ သူက ကိုယ်ပိုင်ဓာတ်ဆီဆိုင် ဖွင့်မယ်တဲ့လေ။ သမီးနာမည်နဲ့  ဘဏ်ကနေ
ငွေချေးလို့ ရရင်ပေါ့။ သူကအချုပ် ကျဖူးထားတော့ ဘဏ်မှာ သူ့ နာမည်နဲ
့ငွေချေးလို့ မရဘူးတဲ့လေ။
သူက နိုင်ငံရေးကိုတော့ စိတ်ဝင်စားမှုရှိပါတယ်။ သူက အာရတ်အဖွဲ့ သုံးဖွဲ
့ရဲ့ အဖွဲ့ ဝင်တစ်ယောက်လေ။ ဘင်လာဒင် ထောင်ထားတဲ့ အဖွဲ့ တွေပေါ့။
ဘင်လာဒင်ဆိုတာ တကယ့်ကို ကျိကျိတက်ချမ်းသာတဲ့ မီးခိုးရောင်
မုတ်ဆိတ်ရှည်ကြီးနဲ့ လူလေ။
သမီးက ဒီထက်ပိုပြီးတော့ တော့ သူတို့ အကြောင်းတွေ မသိပါဘူး။ သူတို့ 
စည်ဝေးနေပြီဆိုရင်လဲ သမီးကို သူတို့ အနားကနေ အမြဲ ထွက်သွားခိုင်တယ်လေ။
မနေ့ တနေကတော့ သူ့ ကို သမီးကိုယ်တိုင် ရဲစခန်းမှာ
သွားပြီးရွေးခဲ့ရသေးတယ်။ သူ ရဲတွေကို ပြန်ထိုးနှက်ပြီး
ပြောနေလိုက်တာအမေရယ် ရဲမှူးသုံးယောက်မှာ ပါးစပ်ကို ပိတ်ရောပဲ။
သူကသမီးအတွက် ဂုဏ်ယူတယ်တဲ့။ သမီးက မွတ်စလင်ဘာသာဝင် မိန်းကလေးတွေလို
ခေါင်းပေါင်းဆောင်းထားတာ
(ဟုတ်တယ် အမေ သမီးအဲဒါကို မဆောင်းမနေ ဆောင်းရတယ်) သူ့  အရင်မိန်းမတွေထက်
ပိုပြီး ကြည့်လို့ လှတယ်တဲ့။
ကဲ…
အခုတော့ သမီးရဲ့ ဘဝအခြေအနေ ဘယ်လောက်အထိ ဆိုးဆိုးရွားရွား
ဖြစ်သွားနိုင်တယ်ဆိုတာ အမေတို့ သိပြီမဟုတ်လား။
အမှန်တော့ သမီးပြောခဲ့တဲ့ ခေါင်းကိုက်တာတို့ ၊ ဆေးမှားတာတို့ ၊
ကလေးရတာတို့ ၊ အနာတွေပေါက်တာတို့ ၊ ရည်းစားရနေတာတို့ ဆိုတာ
တကယ်မဟုတ်ပါဘူး။
သမီးဒီလ ဖြေခဲ့တဲ့ စာမေးပွဲ ၅ ဘာသာမှာ နှစ်ဘာသာကကျပြီး နှစ်ဘာသာက ပြန်ဖြေရမှာတဲ့။
ဒါပေမယ့် အခုဏက ပြောခဲ့တဲ့ အဖြစ်အပျက်တွေနဲ့  နှိုင်းယှဉ်ကြည့်ရင်တော့
ဒါဟာ ဘာမှ မပြောပလောက်ပါဘူး လေ… နော်
ချစ်တဲ့ သမီး
တစ်ခါက လူတစ်ဦးဟာ နောက်ဆုံးပေါ်လေယာဉ်တစ်စင်းပေါ် လိုက်ပါစီးနင်းခဲ့တယ်။ လေယာဉ်စီးရင်း ရုတ်တရက် သူ့ဗိုက်နာလာခဲ့တယ်။ အမျိုးသား အိမ်သာတွေ ပြည့်နေခဲ့လို့ အမျိုးသမီး အိမ်သာမှာ သုံးခွင့်ပေးဖို့ လေယာဉ်မယ်ဆီ သူခွင့်တောင်းလိုက်တယ်။ လေယာဉ်မယ်က စစချင်းမှာ ခွင့်မပြုပေမယ့် နောက်ဆုံးမှာ ဝေဒနာခံစားနေတဲ့ သူ့ကို မကြည့်ရက်လို့ အသုံးပြုခွင့် ပေးလိုက်တယ်။ ဒါပေမယ့် အိမ်သာထဲမှာရှိတဲ့ ခလုတ်တွေကို လျှောက်မနှိပ်ဖို့ သူ့ကိုသေသေချာချာ မှာလိုက်တယ်။
ဗိုက်နာတဲ့လူက အိမ်သာထဲ အပြေးဝင်သွားတယ်။ ပြဿနာကို ဖြေရှင်းပြီး နေသာထိုင်သာရှိသွားတာနဲ့ အိမ်သာပတ်ဝန်းကျင်ကို သူစူးစမ်းမိတယ်။ အိမ်သာအိုးရဲ့ ဘေးမှာ ခလုတ်သုံးခု ရှိပြီး ခလုတ်ပေါ်မှာ HW၊ HA၊ ATR လို့ ရေးထားတာကို သူတအံ့တသြတွေ့လိုက်မိတယ်။ နောက်ဆုံးပေါ် လေယာဉ်ဖြစ်တဲ့အတွက် တစ်ခုခုတော့ ထူးခြားမှုရှိမှာပဲဆိုပြီး လေယာဉ်မယ်ရဲ့ သတိစကားကို အမှုမထားတော့ဘဲ HW ကို သူနှိပ်ကြည့်လိုက်တယ်။ ခလုတ်နှိပ်လိုက်တာနဲ့ အိမ်သာအိုးအနောက်ကနေ ရေနွေးတွေ ပန်းထွက်လာခဲ့တယ်။ HW ဆိုတာ Hot Water လို့ သူသိလိုက်တယ်။
အဲဒီနောက် ဆက်ပြီး ဒုတိယခလုတ် HA ကို သူနှိပ်လိုက်တယ်။ သူ့တင်းပါးတစ်ခုလုံး နွေးခနဲ့ ခံစားလိုက်မိတယ်။ HA ဆိုတာ Hot Air လို့ သူသိလိုက်တယ်။
အဲဒီလိုနဲ့ တတိယခလုတ် ATR ရဲ့ အဓိပ္ပါယ်ကို သူသိချင်လာမိတာနဲ့ ခလုတ်ကို နှိပ်ချလိုက်တယ်။ ရုတ်တရက် သူ့အောက်ပိုင်းတစ်ခုလုံး ထုံကျင်လာပြီး နေရာမှာပဲ သူမေ့လဲသွားခဲ့တယ်။ သူသတိရလာချိန် လူနာကုတင်ပေါ် သူလဲလျောင်းနေခဲ့တယ်။ နပ်စ်မက စိတ်မကောင်းတဲ့ပုံစံနဲ့
"ရှင် သတိရလာပြီလား... အနာသက်သာရဲ့လား"
"ကျွန်တော် ဘယ်လိုဖြစ်ရတာလဲဗျာ.. အိမ်သာတက်ရာကနေ ကျွန်တော်ဘယ်လိုလုပ် ဒီရောက်လာခဲ့ရတာလဲ"
ယောင်အမ်းနေတဲ့ ကိုယ်အောက်ပိုင်းကိုကိုင်ပြီး အဲဒီလူ နားမလည်စွာမေးတယ်။ လေယာဉ်မယ်က ဝင်ပြီး ရှင်းပြလိုက်ပါတယ်။
"ရှင် ATR ဆိုတဲ့ခလုတ်ကို နှိပ်လိုက်လို့လေ.. အဲဒီခလုတ်က Automatic Tampon Remover ခလုတ်ပါ"
Automatic Tampon Remover - မိန်းကလေး အသုံးအဆောင်ပစ္စည်းအား အလိုအလျောက် ဖယ်ရှားပေးသောစက်
အင်တာနက်ပေါ်မှာ ဖတ်ရတဲ့ ဟာသတွေပါ.. ဘာသာပြန် မျှဝေပါတယ်။
နိုင်းနိုင်းစနေ
သေနတ်နဲ့ အဆုံးစီရင်တော့မယ့် လူတစ်ယောက်ကို တရားသူကြီးက
"မင်းရဲ့ နောက်ဆုံးဆန္ဒကို ပြောပါ" မေးလိုက်တယ်။ အကျဉ်းသား ပြန်ဖြေလိုက်တာက
"ကျည်ကာအင်္ကျီဝတ်ချင်တယ်" ဟူတည်း။
အမေရိကန် အာကာသစခန်းတစ်နေရာမှာ ဖြစ်ပါတယ်။ ဗီနပ်ဂြိုလ်ဆီသွားကြမယ့် လူတွေကို လူတွေ့စစ်ဆေးခဲ့ကြတယ်။ ဗီနပ်ဂြိုလ်သွားမယ့်လူက တစ်ယောက်ထဲဖြစ်ပြီး သွားပြီးနောက် ကမ္ဘာမြေဆီပြန်လာလို့ မရတော့ပါဘူး။
ပထမဦးဆုံး အမေရိကန်က အင်ဂျင်နီယာတစ်ဦးကို လူတွေ့စစ်ဆေးခဲ့တယ်။ လိုချင်တဲ့ ဆုကြေးငွေမေးတဲ့အချိန်မှာ သူက "ဒေါ်လာ၁ဝသိန်း လိုချင်ပါတယ်။ ဒီငွေတွေကို ကျွန်တော်ရဲ့ မိခင်ကျောင်းအတွက် ကျွန်တော်လှူဒါန်းခဲ့ပါမယ်"
ဒုတိယတစ်ယောက်က အင်္ဂလန်က ဆရာဝန်ဖြစ်တယ်။
"ဒေါ်လာ သိန်း၂ဝ လိုချင်ပါတယ်။ တစ်ဝက်ကို ကျွန်တော့်မိသားစုအတွက် ချန်ထားပြီး တစ်ဝက်ကို ဆေးတက္ကသိုလ်အတွက် လှူခဲ့ချင်ပါတယ်"
တတိယတစ်ယောက်က xxxx နိုင်ငံက ကျောင်းသားဖြစ်ပါတယ်။
"ဒေါ်လာ သိန်း ၃ဝလိုချင်ပါတယ်"
တစ်ခြားလူထက် ပိုယူတဲ့ကျောင်းသားကို တွေ့ဆုံသူတွေက ဘာကြောင့်ပိုယူသလဲလို့ မေးတော့ ကျောင်းသားက
"ကျွန်တော့်ကို သိန်း၃ဝပေးခဲ့ရင် ခင်ဗျားကို ၁ဝသိန်းပေးမယ်၊ ကျွန်တော် ၁ဝသိန်းယူမယ်။ ကျန် ၁ဝသိန်းကို အမေရိကန် အင်ဂျင်နီယာကိုပေးပြီး ဂြိုလ်ပေါ်တက်ခိုင်းလိုက်မယ်"
youthwant ဖတ်ရတဲ့ ဟာသတွေဖြစ်ပါတယ်။
နိုင်းနိုင်းစနေ
လူတစ်ယောက်က ဆေးရုံသွားပြီး ညညအိပ်မရတဲ့အကြောင်း ဆရာဝန်ကို ဆွေးနွေးတိုင်ပင်တယ်။ ဆရာဝန်က ညအိပ်တဲ့အချိန် အိပ်ပျော်နိုင်ဖို့ တစ်ခုခုကို တတွတ်တွတ်ရွတ်ဆိုပြီးအိပ်ဖို့ အကြံပေးလိုက်တယ်။ ဒါပေမယ့် အရာမရောက်ခဲ့ဘဲ နောက်တစ်နေ့ မနက်မှာ ဆရာဝန်ဆီ သူပြန်ရောက်လာခဲ့တယ်။
ဒီတစ်ခါ ဆရာဝန်က သူ့ကိုနောက်အကြံတစ်ခု ပေးလိုက်တယ်။ ညရောက်တာနဲ့ အဲဒီလူက "ခြေညိုးတွေအိပ်ပါ... ခြေသလုံးအိပ်ပါ... ဒူးခေါင်းအိပ်ပါ..." နဲ့ မျက်စိအထိ သူ့ခန္ဓာကိုယ်အားလုံးကို တဖြေးဖြေး အိပ်မွေ့ချနေခဲ့တယ်။ အိပ်ပျော်ခါနီးမှာ ဝတ်လစ်စလစ်နဲ့ ညဝတ်အင်္ကျီဝတ်ပြီး ဝင်လာတဲ့မိန်းမကို တွေ့တော့ အဲဒီလူက သူခန္ဓာကိုယ်ကို ပုတ်ပြီး ပြောလိုက်တယ်။
"ထ.. ထ.. အားလုံး.. ထကြ" ဟူတည်း။
ဆရာဝန်တစ်ဦးက စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားဖို့ ရောက်လာခဲ့တယ်။ ဟင်းမှာနေတုန်း မထင်မှတ်ဘဲ စားပွဲထိုး တင်ပါးကုတ်နေတာကို တွေ့လို့ မေးလိုက်တယ်။
"လိပ်ခေါင်းရှိသလား!"
ဆရာဝန်စကားကို စားပွဲထိုးပြန်ဖြေလိုက်တာက "ဆောရီး.. menu ထဲမှာရှိတဲ့ဟင်းပဲ မှာပါ" ဟူတည်း။
လမိုက်ည တစ်ညမှာ သူခိုးတစ်ယောက် ဘဏ်တစ်ခုထဲဝင်ပြီး ပစ္စည်းခိုးဖို့ ကြံရွယ်ခဲ့တယ်။ သူခိုးက ဘဏ်ထဲမှာရှိတဲ့ အာမခံသေတ္တာတွေကို တစ်ခုပြီးတစ်ခု ဖွင့်ကြည့်ခဲ့တယ်။ ပထမသေတ္တာကို ဖွင့်ကြည့်တော့ ဘာအဖိုးတန်ပစ္စည်းမှာ မတွေ့ဘဲ ဂျယ်လီထုပ်တွေပဲ တွေ့ခဲ့တယ်။ နောက်သေတ္တာတစ်ခုကို ဖွင့်ကြည့်တော့လည်း ဘာမှမတွေ့ဘဲ ဂျယ်လီထုပ်ပဲတွေ့ခဲ့တယ်။ သူခိုးကစိတ်တိုပြီး ဂျယ်လီထုပ်တွေကို စားပစ်လိုက်တယ်။
နောက်တစ်နေ့မနက်မှာ သူခိုးက အိပ်ရာစောစောထပြီး ညက သူလုပ်ခဲ့တဲ့ လုပ်ရပ်ကိုသိချင်လို့ သတင်းစာတစ်စောင် ဝယ်ဖတ်လိုက်တယ်။ သတင်းစာရဲ့ခေါင်းကြီးပိုင်းမှာ စာလုံးကြီးနဲ့ ရေးထားတာကိုဖတ်ပြီး သူခိုးမေ့လဲသွားခဲ့တယ်။ သတင်းစာပေါ် ရေးထားတာက...
"ရူးသွပ်နေသော သူခိုးတစ်ယောက် သုတ်လှူဘဏ်တစ်ခုကို ညက ဝင်ရောက်ခိုးခဲ့သည်"
တရားသူကြီးက သက်သေထွက်ဆိုမယ့်သူကို မှာတယ်။
"တရားရုံးမှာ စစ်ဆေးမေးမြန်းတဲ့အချိန် မလိမ်ညာရဘူး။ ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်တာကိုပဲ ပြောရမယ်။ တစ်ခြားလူပြောတာကို မပြောရဘူး။ နားလည်လား!"
"ဟုတ်ကဲ့.. နားလည်ပါတယ်"
"ကောင်းပြီ... မောင်ရင်ရဲ့ မွေးနေ့နဲ့ မွေးဖွားရာဇာတိကို အရင်ပြောပါ"
"တရားသူကြီးမင်း.. ဒါကို ကျွန်တော်ပြောလို့မဖြစ်ဘူး။ အဲဒီတွေကို ကျွန်တော့်အမေကတစ်ဆင့် ကျွန်တော်သိခဲ့ရတာမို့ပါ"
ရုပ်အရမ်းဆင်တဲ့ အမွှာညီအစ်ကိုနှစ်ဦးရှိတယ်။ အစ်ကိုဖြစ်သူမှာ လှေအိုတစ်စီးရှိပြီး ညီဖြစ်သူမှာ ရောဂါထူတဲ့ မိန်းမတစ်ဦးရှိတယ်။ တစ်နှစ်မှာ ညီအစ်ကိုနှစ်ဦးစလုံး ကံမကောင်းခဲ့ဘူး။ အစ်ကိုရဲ့ လှေမြှုပ်သွားခဲ့သလို ညီရဲ့မိန်းမလည်း ဆုံးခဲ့ရတယ်။
တစ်နေ့မှာ အစ်ကိုဖြစ်သူက လမ်းမှာ မိတ်ဆွေတစ်ဦးနဲ့ဆုံခဲ့တယ်။ မိတ်ဆွေက သူ့ကို "ညီ"လို့ထင်မှတ်ပြီး "ကျွန်တော် စိတ်မကောင်းဘူးဗျာ" (မိန်းမဆုံးသွားတာကို ရည်ညွှန်းပြီးပြောတာ ဖြစ်တယ်)
ဒါကို အစ်ကိုက သူ့လှေမြှုပ်သွားတာကို ပြောတယ်ထင်ပြီး "ဟုတ်တယ်ဗျာ.. ကျွန်တော်အစတည်းက သိတယ်။ သူက ရှေ့ကွဲတဲ့အပြင် နောက်မှာလည်း အပေါက်တစ်ပေါက်ပါသေးတယ်။ အပေါက်ကနေ ရေတွေပန်းပန်းထုတ်တာ အဆိုးဆုံးပဲ။ ဟိုတစ်လောက သူငယ်ချင်းတစ်ယောက် အကြာကြီး ငှားသွားသေးတယ်။ ဒါကြောင့်ခုလို ဖြစ်သွားရတာ"
ဆဲဆိုပုတ်ခတ်တဲ့သူ မရှိရင် နည်းနည်းညစ်တဲ့ ဟာသလေးတစ်ခု ပြောပြချင်ပါတယ်.. ရယ်ရလို့ပါ :X
တစ်နေ့မှာ ရှင်ဘုရင်တစ်ပါး တိုင်းခန်းလှည့်လှည်ဖို့ ပြင်ဆင်တော့ လှပချောမောပြီး၊ ကာမဂုဏ်ကြီးတဲ့ မိဖုရားကို စိတ်မချဖြစ်နေခဲ့တယ်။ မှူးမတ်တွေနဲ့ မိဖုရားလျှောက်မလုပ်အောင် မိဖုရားရဲ့ private နေရာမှာ အထူးစီမံထားတဲ့ ညှပ်တစ်ခု ထည့်ထားလိုက်တယ်။ အဲဒီညှပ်က အရာဝတ္ထုကို ပြတ်အောင်ညှပ်နိုင်တဲ့ ညှပ်ဖြစ်တယ်။ ဒီလိုနဲ့ရှင်ဘုရင် စိတ်ချလက်ချ တိုင်းခန်းလှည့်လည်ခဲ့တယ်။
တစ်ပတ်အကြာ တိုင်းခန်းလှည့်လည်ရာက ပြန်လာပြီးနောက် မှူးမတ်တွေကိုခေါ်ပြီး ဘုရင်ကြီးစစ်ဆေးခဲ့တယ်။ မှူးမတ်အားလုံးကို အဝတ်ချွတ်ပြီး ဘုရင်ကြီးစစ်ဆေးခဲ့တယ်။ မှူးမတ်တိုင်းရဲ့ private နေရာက ပြတ်နေတာကို တွေ့လိုက်တယ်။ နောက်ဆုံးကျန်တဲ့ မှူးမတ်တစ်ယောက်တည်း အကောင်းပကတိ ဖြစ်တာကိုတွေ့တော့ ရှင်ဘုရင်က သစ္စာရှိတဲ့မှူးမတ်၊ ယုံကြည်ရတဲ့မှူးမတ်ဆိုပြီး ဆုချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ မှူးမတ်ကို အလိုရှိရာတောင်းဆိုဖို့ ဘုရင်က ပြောပေမယ့် မှူးမတ်က ဘာမှမပြောခဲ့ဘူး။ နောက်ဆုံး ဘာဖြစ်လို့ မတောင်းဆိုတာလဲလို့ ဘုရင်က စိတ်မရှည်စွာနဲ့မေးမှ မှူးမတ်က စကားပြောဖို့ ပါးစပ်ဟလိုက်တယ်။ ဒါပေမယ့် မှူးမတ်ပါးစပ်ထဲကလျှာ တစ်ဝက်ပြတ်နေတာကို ဘုရင်ကြီးတွေ့လိုက်တယ်။
အွန်လိုင်းပေါ်မှာ ဟာသများကို နိုင်းနိုင်းစနေ ရှာဖွေ၊ ဘာသာပြန်တင်ဆက်သည်း)
တစ်ညနေမှာ မိသားစုတစ်စု ထမင်းဝိုင်းဖွဲ့စားနေခဲ့တယ်။ ထမင်းဝိုင်းမှာ သားက ဝက်အူချောင်းကြော်ကို လက်ညှိုးထိုးပြီး "နိုင်ငံခြားမှာ စက်တစ်မျိုးထီထွင်လိုက်ပြီလို့ သိရတယ်။ အဲဒီစက်က ဘယ်လောက်ထိ ခေတ်မီသလဲဆို ဒီဖက်ကနေ ဝက်အရှင်တစ်ကောင် ထည့်လိုက်ရင် စက်ဟိုဖက်မှာ ဝက်အူချောင်းတွေ ထွက်ကျလာရောတဲ့... တကယ်လို့ ဒီဖက်ကနေ ဝက်အူချောင်းထည့်လိုက်လို့ ဟိုဖက်ကဝက်အရှင် ပြန်ထွက်လာရင် ပိုမိုက်မယ်လို့ သားထင်တယ်"
အဲဒီမှာ အဖေဖြစ်သူက ဝင်ဟန့်လိုက်တယ်။
"ဒါဘာများဆန်းသလဲ! နင့်အမေက ရယ်ဒီမိတ်စက်ပဲလေ။ ငါဒီဖက်ကနေ ဝက်အူချောင်းထည့်လိုက်တာ ငတုံးငအ ဝက်တစ်ကောင် မင်းထွက်လာခဲ့ပြီမဟုတ်လား"
သူခိုးတစ်ယောက်က ကြက်တစ်ကောင်ခိုးပြီး ချောင်းဘေးမှာ အမွေးနုတ်နေခဲ့တယ်။ အဲဒီအချိန်မှာ ရဲသားတစ်ဦးလာတာတွေ့တာနဲ့ ကြက်ကို ချောင်းထဲပစ်ချလိုက်တယ်။
ရဲသား.... ခင်ဗျားဘာလုပ်နေတာလဲ ချောင်းထဲကဘာလဲ ဒီအမွေးတွေကဘာလဲ..
သူခိုး... ကြက်တစ်ကောင်ပါ။ ဟိုဖက်ကမ်းကို ကူးမယ်ဆိုလို့ သူ့အင်္ကျီကို ကျွန်တော်စောင့်ပေးနေတာပါ။
နာမည်ကျော် တက္ကသိုလ်ပါမောက္ခကြီးတစ်ဦးဟာ သူ့ရဲ့ သုတေသနလုပ်ငန်းတစ်ခုအတွက် တပည့်တစ်ချို့နဲ့အတူ ကျေးရွာတစ်ရွာကို လေ့လာရေးခရီးထွက်ခဲ့သတဲ့။ ရွာရဲ့စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ လူနေမှုဘဝတွေကို ပါမောက္ခကြီးဟာ စနစ်တကျ လေ့လာတယ်။ မှတ်သားတယ်။ မေးမြန်းတယ်။
တစ်နေ့မှာတော့.....
မွေးမြူရေးသမားတစ်ဦးနဲ့ ဆွေးနွေးနေစဉ်မှာ မွေးမြူရေးသမားက သူမွေးထားတဲ့ နို့စားနွားမတွေ လွှတ်ကျောင်းထားတာကို ကြည့်ပြီး...
"ဟို စာဥဆိုတဲ့ ကောင်မ ဘယ်သွားဦးမှာလဲ?"
"တိမ်ပြာဆိုတဲ့ ဟာမကလည်း ဟိုဘက်ခြံစည်းရိုးတိုင်ကို သွားပွတ်နေပြန်ပြီ"
"ဟဲ့ ဖြူ မြက်ကောင်းကောင်းမစားဘဲ ဘာဖြစ်လို့ တခြားကောင်မတွေကို လိုက်ဝှေ့နေတာလဲ" စသည်ဖြင့် လှမ်းလှမ်းပြီး မြည်တွန်တောက်တီးနေတယ်။ ပါမောက္ခက လယ်သမားကို အံ့သြတကြီး ကြည့်ပြီး....
"ခင်ဗျားက ခင်ဗျားနွားမတွေအားလုံး နာမည်မှတ်မိတာပဲလား" လို့ မေးလိုက်တယ်။
"မှတ်မိတာပေါ့ ဆရာကြီးရယ်။ သူတို့နာမည်မှတ်မိမှ သူတို့ကို ထိန်းရလွယ်တာ"
"တော်တယ်ဗျာ၊ ကျုပ်ကတော့ ကျုပ်တပည့်မတွေ နာမည်ကို မမှတ်မိပါဘူး"
ဒီအခါမှာ မွေးမြူရေးသမားရဲ့ ဇနီးက ဝင်ပြောတယ်။ သူမရဲ့ ပြောစကားကြောင့် ပါမောက္ခကြီးရဲ့ ဘေးက ကျောင်းသားတွေ ပြုံးစိစိ ဖြစ်သွားကြသတဲ့။
မိန်းမကြီး ပြောတာက ဒီလိုလေ...
"ဆရာကြီးက ဘယ်မှတ်မိမလဲ၊ ကျွန်မယောက်ျားလို တစ်နေ့နှစ်ကြိမ် နို့မှ မညှစ်ရဘဲ"
လင်မယားနှစ်ယောက် ရန်ဖြစ်ပြီးမကြာဘူး ယောက်ျားဖြစ်သူက အိမ်မွေးကြောင်နဲ့ ဆော့ကစားနေခဲ့တယ်။ ဒါကို မိန်းမကမြင်တော့ "နင်ဘာလို့ အဲဒီဝက်နဲ့ ကစားနေတာလဲ" လို့ ငေါက်လိုက်တယ်။
အငေါက်ခံရတဲ့ ယောက်ျားက ကြောင်ကိုလက်ညှိုးထိုးပြီး "ဒါဝက်မဟုတ်ဘူး.. ကြောင်ကွ.. ကြောင်" လို့ ပြန်အော်လိုက်တယ်။
အဲဒီအခါမှာ မိန်းမက ယောက်ျားကို "နင့်ကို ငါမေးနေတာ မဟုတ်ဘူး။ ငါ အဲဒီကြောင်ကို မေးနေတာ" လို့ ပြန်အော်လိုက်တယ်။
ပွဲတော်ည မတိုင်ခင်တစ်ညမှာ လူတစ်ယောက်က အရက်အိုးတစ်လုံးကို အိမ်ရှေ့မှာ ချထားခဲ့တယ်။ ဒုတိယမနက်မှာ အိုးထဲကအရက်တွေ ၄ပုံ၁ပုံ လျှော့နေတာကို သူတွေ့တော့ "အရက်မခိုးရ" ဆိုတဲ့ စာတန်းကို အိုးပေါ်မှာ ရေးကပ်ထားလိုက်တယ်။ တတိယမနက်မှာ အရက်တွေ လျှော့နေတာကို သူတွေ့လိုက်ပြန်တယ်။ ဒီတစ်ခေါက်တော့ "အရက်ခိုးသူ အပြစ်ယူမည်" ဆိုပြီး ရေးကပ်လိုက်ပြန်တယ်။ ဒါပေမယ့် အရက်က အခိုးခံရမြဲ အခိုးခံနေရတယ်။
ဒီအဖြစ်အပျက်ကို မိတ်ဆွေတစ်ဦးက သိတော့ "ခင်ဗျား တုံးလိုက်တာဗျာ.. အိုးပေါ်မှာ သေးအိုးဆိုပြီး ရေးကပ်ထားရင် ဘယ်သူမှ ခိုးတော့မှာမဟုတ်ဘူး" လို့ အကြံပေးလိုက်တယ်။ အကြံအတိုင်း အရက်အိုးပေါ်မှာ သေးအိုးလို့ သူ ရေးကပ်ထားလိုက်တယ်။ နောက်တစ်နေ့မနက်မှာ အရက်အိုးကြီး ပြည့်နေတာကို သူတွေ့တော့ ဒေါသတွေ ထွက်ပြီး "အရက်မခိုးရ" လို့ ရေးကပ်လိုက်ပြန်တယ်။ နောက်တစ်ရက်မှာ လူတွေအားလုံး ဒေါသထွက်ကြတော့တယ်။
ဆရာမ............ မောင်မောင် တောင်အမေရိကားတိုက် ဘယ်မှာရှိသလဲ? မြေပုံပေါ်မှာ ထောက်ပြပါ။
မောင်မောင်...... ဒီမှာပါ ဆရာမ
ဆရာမ............ မှန်ပါတယ်.. ကဲ အားလုံး တောင်အမေရိကားတိုက်ကို ဘယ်သူတွေ့ခဲ့တာလဲ သိကြလား?
အတန်းသားများ.... သိပါတယ်.. မောင်မောင်ပါ ဆရာမ
မ။............ ။ မောင်ရေ.. မ အလှပြင်ပြီးပြီ၊ သွားရအောင်
မောင်။......။။ နေပါအုန်း.. ငါ မုတ်ဆိတ်ရိတ်နေသေးတယ်။
မ။............။ မုတ်ဆိတ်ရိတ်တာ ဒီလောက်ကြာသလား? မ တောင် ပြင်ပြီးနေပြီ..
မောင်။......။ နင်အလှပြင်တာကို စောင့်ရင်း ရိတ်ပြီးသား ငါ့မုတ်ဆိတ်တွေ ထပ်ရှည်လာလို့ နောက်တစ်ခေါက် ထပ်ရိတ်နေတာ။
နေရာ ... စိတ္တဇဆေးရုံ
ဆေးရုံအုပ်.... “မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား? နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက “အဟမ်း” လို့ ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား.. လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်”
နောက်တစ်နေ့ ....
နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။ မိန့်ခွန်းပြောအပြီးတွင် ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့် လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး ပြောလိုက်သည်မှာက “မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း မစားချင်ဘူးလားကွ” ဟူတည်း။
ဆရာတစ်ဦးက တပည့်များအား ကမ္ဘာ့လူဦးရေ ထူထပ်ပုံနှင့် ငတ်မွတ်ခေါင်းပါးပုံ အကြောင်းကို ရှင်းပြနေခဲ့သည်။ အစာရေဆာ ငတ်မွတ်ခေါင်းပါးမှုကြောင့် ကမ္ဘာပေါ်ရှိလူများ စက္ကန့်ပိုင်းတွင် တစ်ဦးဦးသေဆုံးရပုံကို ဤသို့ခိုင်းနှိုင်းပြသည်။
“ဆရာ ထွက်သက်ဝင်သက် ရှူလိုက်တဲ့အချိန်တိုင်း ကမ္ဘာပေါ်မှာ လူတစ်ယောက်သေဆုံးရတယ်”
ဤတွင် ကျောင်းသားတစ်ဦးပြောလိုက်သည်မှာက “ဆရာနေ့တိုင်း သွားတိုက်သင့်တယ်” ဟူတည်း။