twitter
    Find out what I'm doing, Follow Me :)

11.10.10

Shocking! 2-year-old Indonesian Baby Ardi Rizal smokes 40 cigarettes a day *UPDATED*

ထောင်ပေါင်းများစွာသောကွန်ဒုံးများက ကစားပွဲရွာလေးရဲ့ ရေဆိုးဆင်းပိုက်ကိုပိတ်



နောက်ဆုံးပြဿနာတွေဖြစ်တဲ့ မြွေသောင်းကျန်းခြင်း သွေးလွန်တုပ်ကွေးဖြစ်ပွားခြင်းများ အပြင်
အိမ်သာတွေကနေရေဆွဲချခံလိုက်၇တဲ့ထောင်ပေါင်းများစွာသော ကွန်ဒုံးများက ဓနသဟာရကစားပွဲရွာရဲ့ ရေဆိုးစီးဆင်းမှုစနစ်ကို ပိတ်ဆို့ဖိုခြိမ်းခြောက်နေပြီလို့ မီဒီယာသမားများက တင်ပြကြပါတယ်။
ကစားပွဲစီစဉ်သူများအနေနဲ့ အချိန်လု၍ ကစားပွဲရွာအဆင်သင့်ဖြစ်စေဖို့  ပြင်ဆင်ခဲ့ရပြီး
ကစားပွဲကျင်းပတဲ့ပထမအပတ်မှာပဲ  ထောင်ပေါင်းများစွာသော ကွန်ဒုံးများက ရေဆိုးဆင်းပိုက်များကို တစ်ဆို့နေတာကြောင့် ရှင်းလင်းဖို့ကြိုးစားနေကြရပါတယ်။ ”ဒီအခြေအနေက ကွန်ဒုံးသုံးမှုအမြောက်အမြားရှိနေတာကို ပြနေပြီး ကောင်းတဲ့အရာတစ်ခုလို့ ကျနော်ထင်ပါတယ်။ အားကစားသမားတွေ ကိုယ့်တာဝန်ကိုယ်ယူနေကြပါပြီ ”လို့ ဓနသဟာရကစားပွဲ အဖွဲ့ချုပ်ဥက္ကဠက သတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောကြားခဲ့ပါတယ်။

၁၉၉၂ ခုနှစ် Barcelona မှာကျင်းပခဲ့တဲ့ အိုလန်ပစ်အားကစားပွဲမှာ ကွန်ဒုံးတွေအလကားဝေဖို့ ဆုံးဖြတ်ချပြီးနောက်ပိုင်း ဒီလိုမျိုးဝေတာဟာ အစဉ်အလာတစ်ခုလိုဖြစ်လာပါပြီ။ ၂၀၀၀ခုနှစ် ဆစ်ဒနီ အိုလန်ပစ်မှာ အလကားဝေခဲ့တဲ့ ကွန်ဒုံး ၇၀,၀၀၀ ကို အားကစားသများက လျင်မြန်စွာပဲသုံးစွဲခဲ့ကြပြီး စီစဉ်သူများအနေနဲ့ နောက်ထပ် ၂၀,၀၀၀ ကျော်ထောက်ပံ့ခဲ့ရပါတယ်။ ၂၀၀၄ အေသင် အိုလန်ပစ်မှာတော့ ပိုတိုးပြီး ၁၃၀,၀၀၀ ထိထောက်ပံ့ခဲ့ရပါတယ်။ ၂၀၀၈ ပေကျင်း အိုလန်ပစ်မှာ ကွန်ဒုံး ၁၀၀,၀၀၀ ထောက်ပံ့ခဲ့၇
ပြီး  ၂၀၁၀ vancouver ဆောင်းတွင်းအားကစားပွဲမှာလည်း အားကစားသမား ၇၀၀၀ အတွက် ကွန်ဒုံး ၁၀၀,၀၀၀ ထောက်ပံ့ခဲ့၇ပါတယ်။ ဒါဟာတစ်ယောက်ကို ၁၄ ခုနှုန်းလောက်ပါ။ ဒါ့အပြင် ကွန်ဒုံးများအလွန်လျော့နည်းလာလို့ အရေးပေါ်ထပ်မှာခဲ့၇ပါသေးတယ်။

အားကစားသမားတွေ နာမည်နဲ့လိုက်တယ် :D